Tuesday, May 21, 2019

နွေစပါးပေါ်ချိန်ဖြစ်သော်လည်း ဝယ်ယူသူမရှိ၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဝယ်ယူပေးနေရ

ပဲခူးတိုင်းဒေသကြီးအတွင်း မတ်လကုန်ပိုင်းမှစတင်ကာ နွေကာလ၌ စပါးများ ထွက်ပေါ်နေပြီဖြစ်သော်လည်း မေလအထိ ဝယ်သူမရှိ၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပဲခူးဒေသအထိဆင်း၍ ဝယ်ယူပေးနေရကြောင်း ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။ "နွေစပါးလှိုင်လှိုင်ပေါ်နေပေမယ့် ဝယ်သူမရှိတာနဲ့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ဆင်းဝယ်ပေးနေရတယ်။ ပဲခူးတိုင်းရဲ့ စပါးအထွက်ဆုံးမြို့နယ်ဖြစ်တဲ့ ဒိုက်ဦးမြို့နယ်မှာ ဆင်းဝယ်ပေးနေတာပါ" ဟု ယင်းဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။



မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေ ဖြင့် စပါးဝယ်ယူမှုတွင် အစိုဓာတ် ရာခိုင်နှုန်း ၂၀ ပါဝင်သော ဆင်းသုခကဲ့သို့ အမာစ စပါး မျိုးအား တင်း ၁၀ဝ လျှင် ကျပ် ၄၆၀,ဝ၀ဝဖြင့် ဝယ်ယူပေးနေပြီး အရှည်စ စပါးအမျိုးအစား ကို တင်း ၁၀ဝ လျှင် ကျပ် ၄၄၀,ဝ၀ဝ နှုန်းဖြင့် ဝယ်ယူပေးလျက်ရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး၌ ၂၀၁၈-၂၀၁၉ ခုနှစ် မိုးတွင်းကာလအတွင်း ဧကပေါင်း ၂၇၀၃၂၁၃ ခန့် စိုက်ပျိုးခဲ့ပြီး ၇၂ ဒသမ ၈၃ ရာခိုင်နှုန်း ခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။

ဆန်ဈေးနှုန်းမှာ ဆန်အရည်အသွေးပေါ် မူတည်၍ ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၂၃,၅၀ဝ မှ ကျပ်၂၃,ဝ၀ဝ အထိ ဆန်ဈေး ကွက် ဖြစ်ပေါ်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်၊ ပြုစု ပျိုးထောင်စရိတ်နှင့် ရိတ်သိမ်းခများကြောင့် စပါးတင်း ၁၀ဝ လျှင် အသွယ်စအား ကျပ် ၅၀ဝ,ဝ၀ဝ ဝန်းကျင်နှင့် အမာစအား ကျပ် ၅၅၀, ဝ၀ဝ ဝန်းကျင်ရရှိမှသာ အမြတ်အစွန်းကျန်မည်ဖြစ်ပြီး ယခုစပါးဈေးကွက်ကြောင့် အရှုံးပေါ်နေကြောင်းသိရသည်။

No comments:

Post a Comment