Tuesday, May 21, 2019

ထိုင်းနိုင်ငံတွင် ခွဲစိတ်ကုသမှု ခံယူနေသည့် ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု

Image may contain: 4 people, people smiling, people standingဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခွဲစိတ်ကုသမှု ခံယူလျှက်ရှိသည့် ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့အား အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ယနေ့ မေ ၂၀ ရက်၊ ညနေပိုင်းတွင် သွားရောက်ကြည့်ရှု၍ အားပေးခဲ့ကြောင်း သိရသည်။


ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့၏ ခွဲစိတ်မှုကုသမှု အခြေအနေမှာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်သော်လည်း ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန်နှင့် ကြံ့ခိုင်မှု ကောင်းမွန်လာစေရန် အပေါ့စားကုသ လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ရဦးမည်ဖြစ်ပြီး ယင်းအတွက် ကုန်ကျစရိတ်များကိုလည်း ဧရာဝတီ ဖောင်ဒေးရှင်းမှပင် ဆက်လက်အကုန်ကျခံသွားမည် ဖြစ်သည်။

ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့အား MFF ဥက္ကဋ္ဌဦးဇော်ဇော်မှ သွားရောက်တွေ့ဆုံ အားပေးရာတွင် ထိုင်းလိဂ်၌ ကစားနေသည့် ကျော်ကိုကိုလည်း ပါဝင်လာခဲ့ပြီး လူငယ်ကစားသမားများကို အားပေးနှုတ်ဆက်ခဲ့သည်။

ကျော်ကိုကိုအနေဖြင့်လည်း ပြီးခဲ့သည့်နှစ်က ထိုင်းလိဂ်တွင် ဒူးဒဏ်ရာရခဲ့ပြီး တစ်ရာသီလုံးနီးပါး အနားယူခဲ့ရသော်လည်း ယခုနှစ်တွင် ဘောလုံးပြန်လည်ကစားနေပြီ ဖြစ်သည်။

No comments:

Post a Comment