Tuesday, May 21, 2019

အောက်ခြေမှကျူးလွန်သောအပြစ်များကိုဖုံးဖိပြုပြင်ပေးပြီးပေါ့လျော့အောင်ပြုလုပ်ပေးမှုများကိုလည်း အရေးယူရန်လုပ်ဆောင်နေသည်များရှိဟုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆို

အောက်ခြေမှကျူးလွန်သောအပြစ်များကိုဖုံးဖိပြုပြင်ပေးပြီးပေါ့လျော့အောင်ပြုလုပ်ပေးမှုများကိုလည်းအရေးယူရန်လုပ်ဆောင်နေသည်များရှိကြောင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်ကယနေ့ကျင်းပသောပြည်ထောင်စုလွှတ်တော်တွင်ပြောကြားခဲ့သည်။



“ကော်မရှင်ရဲ့စစ်ဆေးတွေ့ရှိချက်များမှာလည်းပဲ အောက်ကနေပြီးတော့အထက်ကိုပံ့ပိုးပေးမှုများတွေတွေ့ရှိနေရသလို၊ အောက်ခြေကအကျင့်ဖောက်ပြန်မှုကိုကျူးလွန်တဲ့အခါမှာ အထက်ကလာစစ်ဆေးတဲ့သူများကိုယ်တိုင်က ဖြစ်ရပ်မှန်ကိုဖော်ထုတ်စစ်ဆေးအရေးယူရမယ့်အစား ကျူးလွန်သောအပြစ်များကိုဖုံးဖိပြုပြင်ပေးခဲ့ပြီးတော့မှပေါ့လျော့အောင်ပြုလုပ်ပေးမှုများကိုလည်းပဲ ကော်မရှင်အနေနဲ့တွေ့ရှိအရေးယူဖို့လုပ်နေတာတွေရှိပါတယ်”ဟုဦးအောင်ကြည်ကပြောကြားခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များအပေါ်သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်ကပြန်လည်ရှင်းလင်းဆွေးနွေးခြင်းပြုလုပ်ရာတွင်အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင်မြန်မာနိုင်ငံတွင်အသေးစားအဂတိလိုက်စားမှုများမကျဆင်းရခြင်း၏အဓိကအကြောင်းအရင်းတစ်ခုမှာရုံးဌာနများတွင်အရိုးစွဲနေသောဌာနတွင်းအဂတိလိုက်စားမှု(InternalCorruption)များကြောင့်ဖြစ်ရသည်ဆိုသည်မှာသိသာထင်ရှားကြောင်းလည်းသူကဆိုသည်။

ထို့ကြောင့်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်ကော်မရှင်မှသက်ဆိုင်ရာဌာနများသို့လွှဲပြောင်းပေးသောတိုင်ကြားစာများအပေါ်ယုံကြည်မှုနည်းစေသောအဓိကအကြောင်းအရင်းမှာဌာနတွင်းအဂတိလိုက်စားမှုများကြောင့်ဖြစ်သည်ဟုပြောလိုကြောင်း၎င်းကထပ်လောင်းဆိုသည်။

ယင်းကိစ္စရပ်များမှာအစိုးရဌာနဘက်ကလည်းတာဝန်ယူတာဝန်ခံမှုရှိစွာဖြင့်ကိုင်တွယ်ဖြေရှင်းရမည့်အချက်ဟုမြင်ပြီးကော်မရှင်အနေဖြင့်မိသားစုစေ့ဆော်မှုပုံသဏ္ဍာန်ဖြင့်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)များဖွဲ့ကြရန်၊CodeofConductများရေးကြရန်နှင့်လိုက်နာကြပါဟုသာအကြံပေးနိုင်ကြောင်းလည်း၎င်းကတင်ပြခဲ့သည်။

No comments:

Post a Comment