Tuesday, May 21, 2019

ရုံးရှေ့တောင်းဆိုနေသည့် အလုပ်သမားအဖွဲ့ကို ရန်ကုန်ဝန်ကြီးချုပ်တွေ့ဆုံ

Image may contain: 4 peopleမြန်မာဟောက်ရန်းအထည်ချုပ်စက်ရုံပိုင်ရှင်မှ အထည်ချုပ်ကြေးငွေဖတ်တောက်မှုကြောင့် ဖြေရှင်းပေးရန်တောင်းဆိုသည့် စက်ရုံအလုပ်သမားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းအစိုးရအဖွဲ့ရုံးပြင်ပသို့ လာရောက်တွေ့ဆုံခဲ့သည်။ အထည်ချုပ်ကြေးငွေဖြတ်တောက်ခံထားရသည့် အလုပ်သမား ၂၀၀ခန့်က ယနေ့ (မေ ၂၀ရက်)နံနက်ပိုင်းအချိန်မှစတင်ကာ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ဂိတ်အမှတ် (၄)အရှေ့တွင် ၄င်းတို့ဖြတ်တောက်ခြင်းခံရသည့် အထည်ချုပ်ကြေးငွေပြန်လည်ရရှိရေးအတွက် ဝန်ကြီးနှင့်တွေ့ဆုံခွင့်ရရန်စောင့် ဆိုင်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မွန်းလွဲ ၃နာရီကျော်ခန့်တွင် အလုပ်သမားများရှိရာ လာရောက်တွေ့ဆုံခဲ့ဖြစ်သည်။


ထို့နောက် မြန်မာဟောက်ရန်းအထည်ချုပ်စက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းနှင့် မေ ၂၁ မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ကြောင်း အလုပ်သမားအရေးဆောင်ရွက်ပေးသူဟကိုကျော်ကျော်ကပြောကြားသည်။

''ဝန်ကြီးချုပ်ကြီးက မနက်ဖြန်နေ့လည် ၃နာရီလောက်မှာတွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်တို့ကိုပြောတယ်။ကျွန်တော်တိုရဲ့အလုပ်သမားတွေဘက်ကလဲ ဒါကိုသဘောတူတဲ့အတွက် သဘောတူညီမှုရရှိခဲ့တယ်လို့ပြောရမှာပေါ့။မနက်ဖြန်မှာဆွေးနွေးကြမှာပါ'' ဟု အလုပ်သမားအရေးဆောင်ရွက်ပေးသူဟကိုကျော်ကျော်ကပြောကြားသည်။

မြန်မာဟောက်ရန်းအထည်ချုပ်လုပ်ငန်းရှင်က ယခင်က တစ်လလျှင် အထည်ရေ ၈သိန်းခန့်ကို စက်ရုံဝန်ထမ်းဦးရေအမြောက်အမြားဖြင့်လုပ်ဆောင်ခဲ့ရသော်လည်း လက်ရှိတွင် စက်ရုံဘက်မှ အလုပ်သမားများလျော့ချခဲ့သည့်အတွက် ဝန်ထမ်းအနည်းငယ်ဖြင့်အထည်အော်ဒါ ၈သိန်းခန့်ကို လုပ်ကိုင်ဆောင်ရွက်နေရသည့်တိုင် အထည်ချုပ်ကြေးငွေကို လက်ရှိလူဦးရေအတိုင်းသာ ပေးအပ်သည့်အပေါ် ကျေနပ်မှုမရှိခြင်းကြောင့် မြို့နယ်အလုပ်သမားရုံးတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ စက်ရုံပိုင်ဘက်ကသဘောတူခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ထပ်မံတွေ့ဆုံခဲ့ရာ အလုပ်ရှင်ဘက်က အလုပ်သမားများတောင်းဆိုသည့် အထည်ကြေးကို ပေးအပ်မည်ဖြစ်ကြောင်း သဘောတူညီခဲ့သော်လည်း သဘောတူညီမှုစာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမရှိသည့်အတွက် ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment