Tuesday, May 21, 2019

မြစ်သားပြတိုက်သို့ ကျောက်ဖြစ်ရုပ်ကြွင်းဆင်စွယ်နှင့် ဆင်အံသွားများလှူဒါန်း

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မိုင်းမော နန္ဒပူရပြတိုက်သို့ မေ ၁၈ ရက်က ကျောက်ဖြစ်ရုပြွ်ကင်း ဆင်စွယ်နှင့် ဆင်အံသွားများကို လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ ဦးမျိုးဇော် လာရောက်လှူဒါန်းကြောင်း သိရသည်။ လှူဒါန်းပစ္စည်းများမှာ ဆင်အံဟုယူဆရသော သွားလေးချောင်းပါ မေးရိုးတစ်ခု၊ ဆင်စွယ်အပိုင်း သုံးခုနှင့် ပဲ့နေသောသွားအလွတ်နှစ်ချောင်း၊ အမည်းရောင်သွားနှစ်ချောင်း လာရောက်လှူဒါန်းသွားသည်။ "ကျောက်ဖြစ်ရုပြွ်ကင်းလို့ ပြောတာပဲ၊ အလှူရှင်က ဂန့်ဂေါဘက်မှာ လမ်းလုပ်ရင်းတွေ့ ခဲ့တာ ဘုန်းကြီးက သိပ်တော့ နားမလည်ဘူး၊ နားလည်တဲ့ပညာရှင်တွေကို အတည်ပြုပေးဖို့ အကူအညီတောင်းရမှာပဲ"ဟု မိုင်းမောသုခ ရတနာ ဘ/က ပညာရေးကျောင်းဆရာတော် ဦးသုမနက မြန်မာတိုင်းမ်နေ့စဉ်သို့ မိန့်ကြား ခဲ့သည်။


နန္ဒပူရပြတိုက်ကို တရားဝင်ဖွင့်ခွင့်ရရန် ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာနသို့ လျှောက်ထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ကြောင်း၊ မိုင်းမော (ပင်လယ်မြို့ဟောင်း) သည် အေဒီသုံးရာစု လောက်က ပျူယဉ်ကျေးမှု မြို့တော်တစ်မြို့ဖြစ်ပြီး ရှေးဟောင်းပစ္စည်းများ မကြာခဏတွေ့ရှိကြောင်း၊ ဒေသခံများ၊ နားမလည်၍ ဆုံးရှုံးမှုများအများကြီးရှိခဲ့ကြောင်း၊ မိမိအနေဖြင့် ကျောင်းသားများနှင့် ဒေသခံများ လေ့လာနိုင်အောင် ရှေးဟောင်းအုတ်ချပ်အချို့နှင့်ပစ္စည်းအချို့ကို အဆိုပါပြတိုက် လေးမှာ ထိန်းသိမ်းထားကြောင်း ဆရာတော် ဦးသုမနက ဆက်လက်မိန့်ကြားသည်။

မိုင်းမော(ပင်လယ်မြို့ဟောင်း) သည် မြစ်သား မြို့နယ် ကူမဲမြို့အနီး ကင်းတားဆည်သို့ ၂၁ မိုင်လမ်းခွဲမှ တောင်ဘက်သို့ သုံးမိုင်ခန့်ကွာဝေးပြီး ကတ္တရာလမ်းဖြစ်၍ ဆက်သွယ်ရေးကောင်းမွန် ကြောင်း သိရသည်။

No comments:

Post a Comment