Tuesday, May 21, 2019

ဆိပ်ဖြူမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၊ လူနေအိမ်နှင့်​ အဆောက်အဦများ ပျက်စီး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှာ မနေ့ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်​ခဲ့ပြီး လူနေအိမ်နဲ့ အဆောက်အဦ ၄၃ လုံး အမိုးလန်​ပျက်စီးခဲ့​တယ်လို့ ဆိပ်​ဖြူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်​။ ဆိပ်​ဖြူမြို့နယ် ကျောင်းရွာကျေးရွာမှာ နေအိမ် ၁၀ လုံး၊ ဖိဖုရားချိုင့်ကျေးရွာမှာ  ၁၉ လုံး၊ ကော်တုံကျေးရွာမှာ ၅ လုံး၊ ရွာသစ်ကုန်းကျေးရွာမှာ ၂ လုံးနဲ့ ဂိုထောင် ၁ လုံး၊ စိုင်းနီကျေးရွာမှာ နေအိမ် ၁ လုံး၊ ကဇွန်မရွာသစ်ကျေးရွာမှာ ၃ လုံး၊ သပြေပင်ကျေးရွာမှာ ဓမ္မာရုံနဲ့ ဇရပ် အမိုးလန်သွားသလို နေအိမ် ၁ လုံး အမိုးလန်ပျက်စီးပြီး သွပ်အချပ်ရေ စုစုပေါင်း ၄၀၀ ကျော် ပျက်စီးခဲ့ပါတယ်​။ မိုးသက်လေပြင်းတိုက်ခတ်ပြီး ​နေအိမ်ပေါ် သစ်ပင်ပိတာ၊ သစ်ကိုင်ကျိုးကျတာ၊ သစ်ပင်လဲကျပြီး လူနဲ့ တိရစ္ဆာန် သေဆုံး ထိခိုက်ဒဏ်ရာရတာတော့ မရှိ​ဘူးလို့ သိရပါတယ်​။

No comments:

Post a Comment