Tuesday, May 21, 2019

အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်း ပြန်လည်အသက်သွင်းရန် သုတေသနအဖွဲ့ တာဝန်ရှိသူ တိုက်တွန်း

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစု ပင်လုံနိုင်ငံ ရေး သဘောတူညီချက်များ ပြေ လည်မှုမရသေးသည့်တိုင် ပြည် သူလူထု အကျိုးရှိစေမည့်လုပ် ငန်းများ ဆောင်ရွက်နိုင်ရန် ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)လုပ်ငန်းများအပါအဝင် NCA အကောင်အထည်ဖော်မှုကို ပြန်လည်အသက်သွင်းရန် လိုအပ်ကြောင်း သုတေသနအဖွဲ့တစ်ခု ဖြစ်သည့် Myanmar Institute for Peace and Security အမှု ဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
NCA အကောင်အထည်ဖော် ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကို ပြန်လည်သုံး သပ်ပြီး JMC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC)တို့ ပြန်လည် အားကောင်းလာရေး ဆောင်ရွက် ရန် အရေးကြီးသည်ဟု ၎င်းက ဆိုသည်။ အခက်အခဲများရှိနေသည့် တိုင် အစိုးရ၊ တပ်မတော်နှင့် NCAလက်မှတ်ထိုး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား ပူး ပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စ ရပ်များစွာရှိနေသည်ဟု ဒေါက် တာမင်းဇော်ဦးက ပြောသည်။

‘‘ဥပမာဆိုရင် ပညာရေးကိစ္စ တွေ၊ ကျန်းမာရေးကိစ္စတွေ ဒါ တွေက ပြဿနာကြီးကြီးမားမား မရှိဘဲ လုပ်လို့ရအောင်၊ လူထုအ နေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပိုယုံကြည်လာနိုင်အောင် လူထု အကျိုးရှိနိုင်တဲ့ ကိစ္စတွေကို နှစ် ဖက်စလုံးက အတူလက်တွဲပြီး လုပ်နိုင်တဲ့ ကိစ္စတွေ အများကြီး ရှိတယ်။ ဒါတွေ  လုပ်နိုင်တယ်ဆို လို့ရှိရင် ပင်လုံညီလာခံကြီးကနေ ပြီးတော့ အဖြေတွေမထွက်ခဲ့ တောင် မြေပြင်မှာ တိုက်ပွဲတွေ မဖြစ်အောင် ထိန်းထားနိုင်မယ်။ ပြည်သူလူထုကိုလည်း ငြိမ်းချမ်း ရေးရဲ့ အနှစ်သာရ၊ ငြိမ်းချမ်းရေး အသီးအပွင့်တွေ ခံစားနိုင်အောင် လုပ်ပေးနိုင်မယ်လို့ မြင်တယ်’’ဟု ၎င်းက ပြောသည်။ JMC သည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား တိုက်ပွဲများ မဖြစ် ပွားရေး၊ တိုက်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပွားပါက ပြဿနာများ ပြေ လည်မှုရရှိရေး ညှိနှိုင်းဆောင်ရွက် ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ် သည်။ JMC ကို အစိုးရ၊ တပ် မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ အချိုးကျပါဝင်ပြီး အရပ်သားကိုယ်စားလှယ်များ လည်း ပါဝင်သည်။ လက်ရှိတွင် JMC ကို ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နှင့် ဒေသအဆင့် စုဖွဲ့မှုများ လုပ်ဆောင်ထားသော် လည်း တိုင်းရင်းသားလက်နက် ကိုင်နှစ်ဖွဲ့ဖြစ်သော ကရင်အမျိုး သားအစည်းအရုံး (KNU)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ  (RCSS)တို့  ပါဝင်မှု ယာယီရပ်ဆိုင်းထား၍ JMC လုပ် ငန်းများ ထိရောက်စွာ မလုပ် ဆောင်နိုင်ဖြစ်နေသည်။

No comments:

Post a Comment