Tuesday, May 21, 2019

တိုနီခရုစ်နှင့် ရီးရဲလ် ၂၀၂၃ အထိ စာချုပ်သက်တမ်းတိုး

၂၀၂၂-၂၃ ရာသီကုန် အထိ ရီးရဲလ်မက်ဒရစ်နှင့် စာချုပ် သက်တမ်းတိုးရန် တိုနီခရုစ်က သဘောတူညီခဲ့သည်ဟု ရီးရဲလ် မက်ဒရစ်အသင်းက ပြောသည်။ အသက် (၂၉) နှစ်အရွယ် ဂျာမနီလက်ရွေးစင်သည် ဘာနေ ဗျူးမှ ထွက်ခွာနိုင်သည်ဟု စပိန်မီ ဒီယာများက ဖော်ပြသော်လည်း ရီးရဲလ်တွင် နောက်ထပ် လေးနှစ် ဆက်နေရန်     သက်တမ်းတိုးခဲ့ သည်။ ရီးရဲလ်သည် လာလီဂါတွင် ဘာစီလိုနာထက် ၁၉ မှတ်ကွာဟ ကာ တတိယနေရာရရှိပြီး ချန်ပီ ယံလိဂ် (၁၆) သင်းအဆင့်မှထွက် ရသည့် စိတ်ပျက်ဖွယ်ရာ ရာသီကို ကျော်ဖြတ်ကာ နောင်လာမည့် ရာသီ၌ အသင်းကို အောက်ခြေ သိမ်းပြုပြင်၍ ကစားသမားအ များအပြား ရောင်းချမည်ဟု မျှော် လင့်ရသည်။


တိုနီခရုစ်သည် ၂၀၁၄ က ဘိုင်ယန်မြူးနစ်မှ ပြောင်းရွှေ့ခဲ့ပြီး ရီးရဲလ်၌ ၂၃၃ ပွဲကစားကာ ဆုဖ လား ၁၁ လုံးရရှိခဲ့သည်။ ထိုအတောအတွင်း အိမ် ကွင်းတွင် ရီးရဲလ်ဘက်တစ်ကို အ ရှက်ရဖွယ် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး နောက် လာမည့်ရာသီ၌ အ ပြောင်းအလဲပြုလုပ်မည်ဟု နည်း ပြဇီဒန်းက ပြောကြားသည်။ ‘‘ပိုပြီးကြိုးစားချင်တယ်ဆို ပြီး သေးငယ်တဲ့အရာလေးတွေ တောင် အောင်မြင်အောင်မလုပ် နိုင်ဘူးဆိုရင် ဒါဟာရှုပ်ထွေးပါ တယ်။ ဆိုးရွားတဲ့ရာသီဆိုတာ ကျွန်တော်တို့ လက်ခံရပါမယ်။ ကျွန်တော်တို့ဟာ အနာဂတ်မှာ ရောက်နေရပါမယ်။ ဒါမှသာတိုး တက်အောင် ကူညီနိုင်ပါတယ်။ ဘောလုံးဆိုတာ တွန်းအားပေးရ တာပါ။ လာမယ့်ရာသီမှာ ဒါတွေ ပြောင်းလဲသွားပါမယ်’’ ဟု ဇီဒန်း က ပြောကြားသည်။

No comments:

Post a Comment