Tuesday, May 21, 2019

လွှတ်တော်ကိုယ်စားလှယ်အား ဖေ့စ်ဘွတ်ခ်တွင် မဟုတ်မမှန်ရေးသားသည်ဆိုကာ အမျိုးသားတစ်ဦးကို အမှုဖွင့်

 ဖြစ်စဉ်အမှန်ကို သေချာမစုံစမ်းဘဲ ဖေ့စ်ဘွတ်ခ် တွင် မှားရေးသားပြီးမတောင်းပန် သဖြင့် သထုံမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ယင်းမြို့နေ အမျိုးသားတစ်ဦးကို အမှုဖွင့်ခဲ့သည် ။ေ မလ ၁၃ ရက်က ကျိုက်ထို မြို့နယ်သို့ လွှတ်တော်ရေးရာ ကော်မတီအဖွဲ့ ကွင်းဆင်းချိန် တွင် ဘီးလင်းတိုးဂိတ်၌ လမ်း အသုံးပြုခပေးပြီးနောက် ၎င်းတို့ ရှေ့မှ မောင်းနှင့်သောကော်မတီ ၀င်တစ်ဦး၏ယာဉ် အက်ဆီးဒင့် ဖြစ်နေသည်ကို တွေ့ခဲ့ကြောင်း ၊ အဆိုပါ ယာဉ်မတော်တဆမှု ကြောင့် လူများထိခိုက်မှုမရှိ သော်လည်း ကွမ်းယာဆိုင်လဲသွား ကြောင်း ဒေါ်ခိုင်ခိုင်လဲ့ကဆို သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သထုံမြို့နေ၀င်းဇော်ဦး၏ Win Zaw Oo ဖေ့စ်ဘွတ်ခ်အကောင့် တွင် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခိုင်ခိုင်လဲ့၏ အမည် ကိုဖော်ပြ၍ မွန်ပြည်နယ်လွှတ် တော်ရုံးတံဆိပ်များကို အသုံး ပြုကာ ‘‘ဒေါ်ခိုင်ခိုင်လဲ့ဆင်းရဲ သားပပျောက်ရေးအတွက် ဘီး လင်းအထွက်နားလေးမှာ ကွမ်း ယာဆိုင်ကို ကားနဲ့ဝင်ရောက်ရှင်း လင်းပြီ’’ ဟု ရေးသားဖော်ပြ ခဲ့သည် ။

အဆိုပါ Post ကို ဖြုတ်၍ လှုမှုကွန်ရက်တွင် ၀န်ခံရန်ဒေါ် ခိုင်ခိုင်လဲ့က တောင်းဆိုသော် လည်း ဝင်းဇော်ဦးကမပြုလုပ် ကြောင်း ရဲမှတ်တမ်းဖော်ပြထား သည်။  ‘‘ဒီကိစ္စကို Post ကိုလည်း ပြန်မဖြုတ်ပေးနိုင်ဘူးလို့ ပြော တယ်။ အဲဒီအကြောင်းကိုလည်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌထံကို အကြောင်းပြန်ပေး လိုက်တယ်။ Post ကိုဖြုတ်ပြီး တော့မှားယွင်းကြောင်း တောင်း ပန်ရင်ပြီးပြီ။ အခုလိုအမှုမဖွင့် ခင်မှာလည်း စောင့်ကြည့်ပါသေး တယ်’’ ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြော သည်။

ဝင်းဇော်ဦးသည် ၎င်းတင် ထားသည့် Post ကို မဖြုတ်ပေးနိုင် ကြောင်း၊ ရည်ရွယ်ချက်ရှိရှိမဟုတ် မှန်းသိသိနှင့် တင်ခြင်းဖြစ် ကြောင်း၊ နစ်နာသည်ဟု ယူဆပါ ကကြိုက်သလို လုပ်နိုင်ကြောင်း ဖြင့် ရင့်သီးစွာပြောသဖြင့် နိုင်ငံသားများ၏ လွှတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ရေးဥပဒေပုဒ်မ ၁၀ ဖြင့် သထုံမြို့မ ရဲစခန်းတွင် မေလ ၁၉ ရက်က အမှုဖွင့်လှစ်ခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ၀င်းဇော်ဦးကို ဆက်သွယ်မေး မြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်မရပေ။

No comments:

Post a Comment