Tuesday, May 21, 2019

မြစ်ဆုံအပန်းဖြေစခန်း၌ အမျိုးသား ၃ ဦး ရေနစ်ပျောက်ဆုံး

၂၀၁၉ ခုနှစ်၊မေလ ၁၉ ရက် နံနက် ၁၀ နာရီအချိန် မြစ်ကြီးနားမြို့နယ် အောင်မြင်သာ ကျေးရွာအနီး မြစ်ဆုံအပန်းဖြေစခန်း၌ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ ပစ်တိုင်းထောင် ဒန်/ကြေးရောင်း/ဝယ်ရေးဆိုင် အလုပ်သမားများဖြစ်သော မကွေးမြို့နယ်၊ကျောင်းတော်ဦးကျေးရွာနေ မြင့်လွင် (၃၁) နှစ်ပါ ၈ ဦးသည် သုံးဘီးဆိုင်ကယ်ဖြင့် လာရောက်လည်ပတ်ပြီး ရေဆင်းကူးရာမှ မြင့်လွင်ပါ ကျား ၃ ဦးသည် ရေနစ်ပျောက်ဆုံးခဲ့သဖြင့် အောင်မြင်သာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ က ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment