Tuesday, May 21, 2019

အာဆီယံဝန်ဆောင်မှု ကုန်သွယ်ရေး သဘောတူစာချုပ်တွင် မြန်မာပါဝင်လက်မှတ်ထိုးရန် စီစဉ်

အာဆီယံ ၀န် ဆောင်မှုကုန်သွယ်ရေးသဘော တူစာချုပ်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရန် နိုင်ငံ တော်သမ္မတက  ပြည်ထောင်စု လွှတ်တော်နာယကထံ သ၀ဏ် လွှာပေးပို့သည်။ အထက်ပါ စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းအားဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိနိုင် ခြင်း၊ အလုပ်အကိုင် ပိုမိုဖန်တီးနိုင် ခြင်း၊ နိုင်ငံခြားငွေများ တိုးတက် နိုင်ခြင်း စသည့်အကျိုးကျေးဇူး များရရှိနိုင်သဖြင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးရန်  စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ဒုတိယ၀န်ကြီး ဦးအောင် ထူးက ယမန်နေ့တွင် လွှတ်တော် သို့တင်ပြသည်။

‘‘မြန်မာနိုင်ငံရဲ့ ၀န်ဆောင် မှုဆိုင်ရာ ကုန်သွယ်မှုဈေးကွက်ကို  ပိုမိုဖွင့်လှစ်ပေးနိုင်တဲ့အတွက် ၀န် ဆောင်မှုကဏ္ဍများတွင် အာဆီယံ ကဏ္ဍများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပြီး ပြည်တွင်း အလုပ်အကိုင်နှင့် ဈေးကွက်အ ခွင့်အလမ်းများ ပွင့်လင်းလာမှာ ဖြစ်တဲ့အပြင်ဝန်ဆောင်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ၀န်ဆောင်မှုကုန်သွယ်ရေး မှာ ရရှိတဲ့ နိုင်ငံခြားဝင်ငွေကိုလည်း  တိုးမြင့်စေနိုင်မှာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

အဆိုပါ ၀န်ဆောင်မှုကုန် သွယ်ရေးသဘောတူစာချုပ်တွင်  အာဆီယံအဖွဲ့ဝင် ခုနစ်နိုင်ငံက လက်မှတ်ရေးထိုးပြီးဖြစ်ပြီး မြန် မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံ တို့ ကျန်ရှိသည်။

စာချုပ်၏ ရည်ရွယ်ချက် သည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုး  တက်မှုအတွက်  စီးပွားရေးချိတ် ဆက်မှုများ ပိုမိုအားကောင်း လာစေရေး၊ ကုန်သွယ်မှုနှင့် ရင်း  နှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အတားအဆီးများ လျှော့ချရေး၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်မှု ပတ်ဝန်းကျင် ကောင်းများ ဖန်တီးရေးတို့ပါဝင် သည်။

ထို့အပြင် လူသားအရင်းအ မြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်နိုင်စေရေး၊ ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တွင် အသေးစား၊ အငယ်စားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများပါဝင်လာခြင်းကို တိုးမြင့်စေ ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဆက်နွှယ်မှုကို ပိုမို ခိုင်မာလာစေရေးနှင့် ဖွံ့ဖြိုးတိုး တက်မှု ကွာဟချက်များကို  ကျဉ်း မြောင်းစေရေး စသည်တို့သည်စာ ချုပ် ရည်ရွယ်ချက်ဖြစ်ကြောင်း ဦအောင်ထူးက ရှင်းပြသည်။

မြန်မာနိုင်ငံသည် ယင်းစာ ချုပ်ကို ယခုနှစ် နိုဝင်ဘာတွင် ကျင်းပမည့် (၃၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အခြားအာဆီယံနိုင်ငံများနည်းတူ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ပြည်ထောင်စုလွှတ်တော်၏  အတည်ပြုချက်ရရှိရန် လိုအပ်နေသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် အမတ်များရှိပါ က  မေလ ၂၂ ရက်နောက်ဆုံးထား အမည်စာရင်းပေးရန်ပြည်ထောင် စု  လွှတ်တော်နာယကက ကြေ ညာသည်။

No comments:

Post a Comment