Tuesday, May 21, 2019

ဝန်ထမ်းများ၏ အုပ်ချုပ်ရေးယန္တရားသည် အပေါ်ယံအားဖြင့် ခေတ်သစ်အယူအဆအချို့ ဖုံးလွှမ်းမှုရှိသော်လည်း အခြေခံအထိုင်မှာ ၂၀ ရာစုအလယ်ပိုင်းလောက်တွင် အားကောင်းခဲ့သော ဗျူရိုကရက်ယန္တရားအထိုင်မှ မရွေ့နိုင်သေးကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဌပြောကြား

ဝန်ထမ်းများ၏ အုပ်ချုပ်ယန္တရားသည် အပေါ်ယံအားဖြင့် ခေတ်သစ်အယူအဆအ ချို့ ဖုံးလွှမ်းမှုရှိသော်လည်း အခြေခံအထိုင်မှာ ၂၀ ရာစုအလယ်ပိုင်းလောက်တွင် အားကောင်းခဲ့သောဗျူရိုကရက်ယန္တရား အထိုင်မှ မရွေ့နိုင်သေးကြောင်းအဂတိလိုက်စားမှု  တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဌ ဦးအောင်ကြည်က ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဌက နေပြည်တော်၌ မေ ၂၀ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့တွင် ပြန်လည်ရှင်းလင်းရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တစ်ဦးဆွေးနွေးတဲ့အထဲမှာ CPU များဟာ မုန်လာခင်းစောင့်တဲ့ ယုန်တွေများဖြစ်လာ လေမလားဆိုတဲ့ စိုးရိမ်ချက်ကို သတိထားမိပါတယ်။ မှန်ပါတယ်။ CPU ဟာ ဌာနတွင်းက လူတွေပဲ ဖြစ်တဲ့အတွက် စိတ်မချရဘူး။ သူ့အထက်လူက အကျင့်ပျက်စေနိုင်တဲ့ အခြေအနေကို ဖန်တီးပေးထားရင် သူတို့လည်း ဆက်လက်အကျင့်ပျက်နေဦးမှာပဲလို့ တွက်ဆနိုင်ပါတယ်။ သီအိုရီတစ်ခုအရ CPU မှာ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းနဲ့ ပြင်ပကျွမ်းကျင်သူများ ပါဝင်မှသာလျှင် ထိရောက်နိုင်တယ် ဆိုတာလည်းရှိပါတယ်။ သို့သော် ကော်မရှင် အနေနဲ့တော့ လောလောဆယ် မကျင့်သုံး နိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ လက်ရှိဝန်ထမ်းများရဲ့ အုပ်ချုပ်ရေးယန္တရားဟာ အပေါ်ယံအားဖြင့် ခေတ်သစ်အယူအဆအချို့ ဖုံးလွှမ်းမှုရှိနေသော်လည်း အခြေခံအထိုင်ကတော့ ၂၀ ရာစု အလယ်ပိုင်းလောက်မှာ အားကောင်းခဲ့တဲ့ ဗျူရိုကရက်တစ်ယန္တရားအထိုင်ကနေ မရွေ့နိုင်သေးလို့ပဲ ဖြစ်ပါတယ် ”ဟု ကော်မရှင်ဥက္ကဋ္ဌဌ ဦးအောင်ကြည်က ပြောကြားသည်။


မြန်မာနိုင်ငံ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ခြင်းဆိုသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူအများအပြားတွင် ဓလေ့စရိုက်သဖွယ် စွဲကပ်နေသည့် အကျင့်ပျက်ဖောက်ပြန်မှုကို အကျင့်ကောင်းလာအောင် ပြုပြင်ပေးခြင်းဖြစ်သည့်အတွက် အပြစ်ရှိသည့်လူများကို တရားစွဲဆိုအရေးယူဆောင်ရွက်ရုံဖြင့် အဆိုပါရည်မှန်းချက်သည် မအောင်မြင်နိုင်ကြောင်း ゞင်းက ပြောကြားသည်။

ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့က တစ်ပါတီအုပ်ချုပ်ရေးစနစ် နိုင်ငံအချို့တွင် လုပ်ဆောင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်နည်းလုပ်ငန်း အချို့ကို နမူနာပေးပြီး ပိုမိုပြတ်သားစွာ လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့ခြင်းများ ရှိသော်လည်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေးစနစ်များ မတူညီသည့်အပြင် တရားစွဲဆိုရသည့် လုပ်ထုံးလုပ်နည်းများပါ မတူညီခြင်းကြောင့် အသွင်ကူးပြောင်းဆဲ ဒီမိုကရေစီနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ပုံတူယူကျင့် သုံးရန်မသင့်တော်ဟုထင်ကြောင်းနှင့်  ဖွံ့ဖြိုးဆဲဒီမိုကရေစီနိုင်ငံများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်ချက်များနှင့် နှိုင်းယှဉ်သုံးသပ်မှုသာလျှင် မြန်မာနိုင်ငံအတွက် ပိုမိုလက်တွေ့ကျပြီး အသုံးဝင်နိုင်မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌဌက ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် ဓလေ့စရိုက်သဖွယ် ပျံ့နှံ့နေသည့် အဂတိလိုက်စားမှုစနစ်ဆိုးကို တိုက်ဖျက်ရာတွင် ကော်မရှင်အနေဖြင့် ပထမချဉ်းကပ်နည်း အဇ္ဈတ္တစေ့ဆော်မှု၊ ဒုတိယချဉ်းကပ်နည်း မိသားစုစေ့ဆော်မှုနှင့် တတိယ ချဉ်းကပ်နည်း ဗဟိဒ္ဓစေ့ဆော်မှု စသည့် ချဉ်းကပ်နည်း သုံးနည်းကို အသုံးပြုလျက်ရှိကာ ပထမချဉ်းကပ်နည်းက ကာယံရှင်ကိုယ်တိုင်၏ စဉ်းစားတွေးခေါ်မှု၊ တန်ဖိုးထားမှု၊ ယုံကြည်မှုမှ ဆိတ်ကွယ်ရာမှာပင်လျှင် အကျင့်ဆိုးကို လုံးဝလက်မခံ၊ မလုပ်ဟုဆိုသည့် ကောင်းမွန်သော စိတ်နေစိတ်ထားနှင့် အမူအကျင့်များ ဖြစ်ပေါ်လာစေခြင်းဖြစ်ကြောင်း ゞင်းက ပြောကြားသည်။

ဒုတိယချဉ်းကပ်နည်းဖြစ်သည့် မိသားစု စေ့ဆော်မှုသည် အဂတိလိုက်စားမှု မဖြစ်မီ ကြိုတင်တားဆီးကာကွယ်ခြင်းဖြစ်ပြီး လောလောလတ်လတ်တွင် အဂတိလိုက်စားမှု ဖြစ်နိုင်သည့် အန္တရာယ်ဇုန်အတွင်း ရောက်ရှိနေကြသည့် နိုင်ငံ့ဝန်ထမ်းများကို CPU အဖွဲ့များ ဖွဲ့စေခြင်း၊ COC ကျင့်ဝတ်များ လိုက်နာစေခြင်းဖြင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကို ကိုယ်တိုင်ရေးဆွဲပြီး လိုက်နာစေသည့် COC  ကျင့်ဝတ်များဖြင့်လည်းကောင်း၊ ဖြောင့်မတ်တည်ကြည်မှု ပိုရရှိလာအောင် တတ်နိုင်သမျှ မိသားစုစိတ်ဓာတ်နှင့် ပြုပြင်ထိန်းကျောင်းပေးသည့် ချဉ်းကပ်နည်းဖြစ်ကြောင်းနှင့် တတိယချဉ်းကပ်နည်းဖြစ်သည့် ဗဟိဒ္ဓစေ့ဆော်မှုသည် ဆုပေးဒဏ်ပေးခြင်းဖြစ်ပြီး ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးတရားစွဲဆိုခြင်းဖြင့် ဒဏ်ပေးခြင်းသာ တတ်နိုင်ကြောင်း ゞင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် မည်သို့သော ချဉ်းကပ်နည်းကြောင့်ဖြစ်စေ အဂတိလိုက်စားမှုများ လျော့ကျလာသည့်အခါ ပြည်သူ့ဘဏ္ဍဍာရန်ပုံငွေ အလေအလွင့်ဆုံးရှုံးမှုများလည်း လျော့ကျလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက လုပ်ခလစာနှင့် စရိတ်များတိုးပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုပေါ်ပေါက်စေခြင်း၊ ရာထူးနေရာများ တိုးမြှင့်ပေးခြင်း၊ နေစရာအိမ်ရရှိအောင် စီစဉ်ပေးခြင်းစသည့် ဆုချီးမြှင့်မှုများ ဖြစ်လာနိုင်သည်ဟု ကော်မရှင်က ယုံကြည်ကြောင်း ကော်မရှင်ဥက္ကဋ္ဌဌ ဦးအောင်ကြည်က ပြောကြားသည်။

No comments:

Post a Comment