Tuesday, May 21, 2019

ဝိုင်းမော်၌ သစ်တောကြိုးဝိုင်းအတွင်း တစ်သျှူးငှက်ပျောစိုက်ရန် ပြင်ဆင်နေသည့် တရုတ်နိုင်ငံသားငါးဦးကိုဖမ်းဆီး

တစ်သျှူးငှက်ပျောစိုက် ပျိုးရေးကို ကချင်ပြည်နယ်အစိုးရ က တင်းကျပ်စွာကိုင်တွယ်နေပြီး ၀ိုင်းမော်မြို့နယ်ရှိ ၀ါရှောင်သစ် တောကြိုးဝိုင်းအတွင်းဝင်၍  တစ် သျှူးငှက်ပျောစိုက်ရန် ပြင်ဆင်နေ သည့် တရုတ်နိုင်ငံသားငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။  ‘‘၀ါရှောင်ကြိုးပြင် ကာကွယ် တောထဲကိုဝင်ပြီး ခုတ်ထွင်ရှင်း လင်းတာ။  ဒါကြောင့်ဖမ်းဆီးတာ’’ ဟု ကချင်ပြည်နယ် သစ်တောဦးစီးဌာန ဦးစီးမှူးဦးခင်မောင်ဦးက ပြောသည်။  ၀ိုင်းမော်မြို့နယ် အောင်မြင် (၂) ကျေးရွာတွင် ပါဝင်သော ၀ါ ရှောင်ကြိုးပြင် ကာကွယ်တောအ တွင်းသို့ စိုက်ပျိုးရေးကုမ္ပဏီတစ်ခု မှ မြန်မာနိုင်ငံသားတစ်ဦး၊ တ ရုတ်နိုင်ငံသားငါးဦး ၀င်ရောက် နေသည်ကိုတွေ့ရှိ၍ မေလ ၁၈  ရက်တွင် ဖမ်းဆီးခဲ့သည်။ တရုတ် နိုင်ငံသားငါးဦးကို သစ်တောဥပ ဒေအပြင် လ၀ကဥပဒေဖြင့်ပါ အ မှုဖွင့်စစ်ဆေးနေသည်ဟု ရဲတပ် ဖွဲ့က ပြောသည်။


‘‘ပြည်နယ်ဝန်ကြီးက လူထု တွေ့ဆုံပွဲမှာ အတိအလင်းပြော ထားတယ်။ ငှက်ပျောအသစ်တွေ  ထပ်စိုက်တာကို လုံးဝလက်မခံပါ ဘူးတဲ့။ စိုက်တာတွေ့ရင် သူ့ကို ပြောပါ၊ သူဖမ်းပေးမယ်တဲ့။ အခု ကတော့ ပြောတဲ့အတိုင်း ကြိတ် လိုက်တာပဲ’’ ဟု ကချင်ပြည်နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီ ပြန်ကြားရေးကော်မတီဝင် ဦးဉာဏ်ထွန်းက ပြောသည်။

သစ်တောမြေအတွင်း ကျူး ကျော်မှုများကို မြေပြင်တွင် လိုက် လံဖမ်းဆီးနေသကဲ့သို့ ယခင်ကျူး ကျော်ထားသော စိုက်ပျိုးရေးကုမ္ပ ဏီများကိုလည်း သစ်တောဦးစီး ဌာနက ယခုရက်ပိုင်းအတွင်း  တ ရားစွဲဆိုထားသည်။  လွယ်ဖူးဘွမ်၊ ရှိန်သာ၊ ချမ်းရင်ခူး၊ မျိုးဆက် ကြယ်ပွင့်နှင့် မလိခနဂါးတို့ကို တ ရားစွဲနိုင်ရေး သစ်တောဦးစီးဌာန က ကြိုးစားပြီး ယခုချမ်းရင်ခူး ကုမ္ပဏီကလွဲ၍ ကျန်ကုမ္ပဏီလေး ခုကို တရားစွဲဆိုပြီးဖြစ်ကြောင်း ဦးခင်မောင်ဦးက ပြောသည်။  တရုတ်နိုင်ငံသားလုပ်ငန်း ရှင်များ၏ ငွေကြေးထောက်ပံ့မှု ဖြင့် ဒေသစီးပွားရေးသမားအချို့ က ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက် မြို့နယ်တို့တွင် တစ်သျှူးငှက်ပျော တရား မ၀င်စိုက်ပျိုးမှုများ ရှိနေ သဖြင့် စနစ်တကျထိန်းချုပ်နိုင် ရေး အစိုးရကကြိုးစားနေသည်။

No comments:

Post a Comment