Tuesday, May 21, 2019

လမ်းအသုံးပြုခွင့်မရသေးသည့် ပြည်သူ လေးသန်းကျော်ရှိ

 နိုင်ငံအတွင်း လမ်းအသုံးပြုမှု လုံးဝမရှိသေးသူ ၄ ဒသမ ၀၇ သန်းကျော်ရှိသည့် အပြင် ကျေးရွာများရှိ လူဦးရေ ၁၄ သန်းကျော်အတွက် ရာသီ မရွေး သွားလာနိုင်မည့် လမ်းများ လိုအပ်နေသည်ဟု ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော် လင်းက ပြောသည်။ ‘‘ဥပမာ ကချင်ပြည်နယ် မြောက်ပိုင်း ခါကာဘိုရာဇီဒေသ လိုဟာမျိုး၊ နာဂဒေသရဲ့ အစွန် အဖျားနေရာတွေ၊ ချင်းပြည်နယ် အစွန်အဖျားနေရာတွေ စသည် ဖြင့် ဒီလိုမျိုး ပြည်နယ်တွေရဲ့ အ စွန်အဖျားနေရာတွေမှာ လမ်း လုံးဝမရှိသေးတဲ့ လူဦးရေလည်း ရှိပါသေးတယ်’’ဟု ဒုဝန်ကြီးက ဆိုသည်။



လက်ရှိတွင် အဆင့်မြင့် လမ်းမကြီးများကို အသုံးပြုနေ သော ကျေးလက်နေပြည်သူ ၉ ဒသမ ၆ သန်းနှင့် ရာသီမရွေး သွားလာနိုင်သည့် လမ်းများကို အသုံးပြုနေသော ကျေးလက်နေ ပြည်သူ ၁၀ ဒသမ ၇ သန်းရှိသည် ဟု ဒုဝန်ကြီးက ပြောသည်။


‘‘အဲဒီနေရာမှာ နွေရာသီကျ မှ လမ်းအဖြစ်နဲ့ သုံးလို့ရတဲ့ ကျေး လက်နေပြည်သူ ၁၀ ဒသမ ၃၄ သန်းသည် နွေရာသီကျမှပဲ လမ်းကိုသုံးလို့ရပြီးတော့ လမ်းလုံးဝမရှိ သေးတဲ့ ရွာတွေက ပြည်သူတွေရဲ့ လူဦးရေ စုစုပေါင်းဟာ ၄ ဒသမ ၀၇ သန်း’’ဟု ဒုဝန်ကြီးက ဆို သည်။

မေလ ၁၇ ရက်က နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အ တွက် တတိယတစ်နှစ်တာအ တွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ် သက်၍ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအ တိုင်း ပြောကြားခြင်းဖြစ်သည်။

ကျေးလက်လမ်းဖွဲ့စည်းမှု အရ Class-A (မြို့တော်များနှင့် တိုက်ရိုက်ချိတ်ဆက်သောလမ်း)၊ Class-B (Class-A သို့ ဆက် သွယ်သည့်လမ်း၊ ကျေးရွာချင်း ဆက်လမ်း)၊ Class-C (ကျေးရွာ ချင်းဆက်လမ်းများမဟုတ်သည့် လမ်းများနှင့် စိုက်ပျိုးဧရိယာသို့ ဆက်သွယ်သည့်လမ်း)လမ်းများ အဖြစ် အဆင့်များပိုင်းခြား ဆောင် ရွက်နေသည်ဟု ဒုဝန်ကြီးက ဆိုသည်။လမ်းအသုံးပြုမှု မရှိသေး သည့် ကျေးရွာ ၁၄ ရာခိုင်နှုန်းရှိပြီး အဆင့်မြင့်လမ်းမကြီးများနှင့် ချိတ်ဆက်ထားသည့် ကျေးရွာ ၂၂ ရာခိုင်နှုန်း၊ ရာသီမရွေး အသုံးပြုနိုင်သော လမ်းများနှင့် ဆက်သွယ် ထားသည့် ကျေးရွာ ၂၈ ရာခိုင်နှုန်းနှင့် ခြောက်သွေ့ရာသီများတွင် လမ်းများ အသုံးပြုနိုင်သည့် ကျေး ရွာ ၃၆ ရာခိုင်နှုန်းအဖြစ် ခွဲခြားသတ်မှတ်ထားကြောင်း ဝန်ကြီး ဌာန ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

‘‘ဒါကြောင့်မို့လို့ ပေါင်းလိုက် ရင် လူဦးရေ ၁၄ သန်းသည် ရာသီမရွေးသွားလာနိုင်တဲ့ လမ်းမရှိ သေးတဲ့ အခြေအနေရှိတဲ့အတွက် ဒါတွေကို ကျွန်တော်တို့က အ ဆင့်မြှင့်တင်ဖို့ စီမံချက်ကာလ ၂၀၃၀ ဆိုပြီးတော့ ချမှတ်ဆောင် ရွက်နေခြင်းဖြစ်ပါတယ်’’ဟု ဆောက်လုပ်ရေးဒုဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အ တွင်း ပြည်ထောင်စုနှင့် တိုင်း ဒေသကြီး၊ ပြည်နယ်များတွင် လမ်း၊ တံတား ခွင့်ပြုရန်ပုံငွေ ကျပ်  ၃၂၆,၈၁၄ ဒသမ ၉ သန်းကျော်ဖြင့် ဆောင်ရွက်နေ ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

No comments:

Post a Comment