Tuesday, May 21, 2019

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကြမ်းကို ပြန်လည်သုံးသပ်ရန်တောင်းဆို

ဒုတိယအကြိမ် ပြင်ဆင် သည့် အလုပ်သမားရေးရာ အ ငြင်းပွားမှု ဖြေရှင်းရေးဥပဒေကြမ်း တွင် အလုပ်သမားများ၏ အကြံ ပြုချက်နှင့် သဘောထားများ ပါ ဝင်မှုမရှိကြောင်း မြန်မာနိုင်ငံစက် မှုလက်မှုနှင့် ဝန်ဆောင်မှုပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) မှ ဦးသက်နှင်းအောင်က ပြောသည်။ အလုပ်သမားရေးရာအငြင်း  ပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိ ယအကြိမ် ပြင်ဆင်မည့် ဥပဒေ ကြမ်းကို ပြည်ထောင်စုလွှတ် တော်၏ အတည်ပြုမှုအပေါ် အ လုပ်သမားထုဆန္ဒ သဘောထား ထုတ်ပြန်ရေး ပူးပေါင်းကော်မတီ က မေလ ၂၀ ရက်တွင် ရန်ကုန် မြို့၌ သတင်းစာရှင်းလင်းပွဲ ပြု လုပ်ရာတွင် ၎င်းက ထိုသို့ပြော ကြားခြင်းဖြစ်သည်။



အနာဂတ်အလင်းတန်းဆုံ မှတ်မှ အတိုင်ပင်ခံဒေါ်သက်သက် အောင်က ‘‘ကျွန်မတို့ပြည်သူလူ ထုက ရွေးချယ်တင်မြှောက်ထား တဲ့ ပြည်သူအစိုးရဖြစ်တဲ့ ဒီမိုက ရေစီ အစိုးရလက်ထက်မှာ ကျွန်မ တို့ မျှော်လင့်ချက်က တစ်ခုတည်း ပါ။ အလုပ်သမားတွေအတွက် အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ တွေ ပြုပေးဖို့ပါ။ အလုပ်သမားထု တွေရဲ့ အသံ၊ အလုပ်သမားအဖွဲ့ ချုပ်တွေရဲ့ အသံတွေကို သေသေ ချာချာလေး နားစွင့်ပြီးတော့ လွှတ်တော်ကလည်း သေချာနား ထောင်ပြီး သမ္မတအနေနဲ့ အလုပ် သမားရေးရာ အငြင်းပွားမှု ဖြေ ရှင်းရေး ဥပဒေနဲ့ပတ်သက်ပြီး ပြန် လည်သုံးသပ်ပေးစေချင်ပါတယ်’’ ဟု ပြောသည်။

၂၀၁၉ မေလ ၇ ရက်က မဲ ခွဲဆုံးဖြတ်ခဲ့သော အလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၏ ပြစ်မှုပြစ်ဒဏ်တွင် အ ငြင်းပွားမှု  ဖြစ်နေစဉ်အတွင်း  သပိတ်မှောက်သည့် အလုပ်သမား များ၊ ထွက်ကုန်ကို လျော့အောင်လုပ်သော အလုပ်သမားများကို အရေးယူမည်ဟု  ပါဝင်သော ကြောင့် ၎င်းတို့၏အခွင့်အရေးများ၊ လွတ်လပ်စွာ တောင်းဆို ခွင့်များ ပျက်စီးမည်ဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အလုပ်သမားဥပဒေကို ပြင် ဆင်ပါက ကျယ်ပြန့်သော အလုပ် သမားဥပဒေပြင်ဆင်ရေး၊ ရေးဆွဲ ရေး ကော်မတီတစ်ရပ်ကို ဦးစွာ ဖွဲ့စည်းပြီးမှ ပြင်ဆင်သင့်ကြောင်း သမ္မတအနေဖြင့် အလုပ်သမားထု ၏အသံကို အလေးအနက်ထား ကာ အလုပ်သမားထုဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေး ရန် တောင်းဆိုကြောင်း အလုပ် သမားသမဂ္ဂများ ပူးပေါင်းဆောင် ရွက်ရေးကော်မတီ တွဲဖက်အ တွင်းရေးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။ အလုပ်သမားထု၏ ဆန္ဒ သဘောထားထုတ်ဖော်ရေး ပူး ပေါင်းကော်မတီအနေဖြင့် ၂၀၁၂ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနှင့်ပတ်သက် ပြီး သတင်းစာရှင်းလင်းပွဲများ အ ကြိမ်ကြိမ်ပြုလုပ်ကာ အလုပ်သ မားများ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ယနေ့အချိန်ထိ  မရရှိ ကြောင်း၊ လာမည့်ရက်သတ္တပတ် အတွင်း အလုပ်သမားထု အခွင့် အရေးများနှင့် ပတ်သက်ပြီး မည် မျှဆုံးရှုံးနစ်နာစေကြောင်း ပါဝင် သော လက်ကမ်းစာစောင်များနှင့် ကမ်ပိန်းများ   ပြုလုပ်မည်ဖြစ် ကြောင်း  ရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်သည်။

No comments:

Post a Comment