Tuesday, May 21, 2019

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းဆောင်ကို ပိတ်ခိုင်းသူတွေကို တရားရုံးဆင့်ခေါ်

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ ဝတ်ပြုဆုတောင်းတဲ့နေရာတွေကို ပိတ်ဖို့ သွားရောက်တားဆီးခဲ့တဲ့အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ဦးမိုက်ကယ်ကျော်မြင့်နဲ့ နောက် တစ်ဦးကို မေလ ၂၃ ရက်နေ့မှာ တောင်ဒဂုံ တရားရုံးမှာ အမှုလာရောက်ရင်ဆိုင်ဖို့ တရားရုံးက ဆင့်ခေါ်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီအဖွဲ့ကို ဦးဆောင်တဲ့ ဦးမိုက်ကယ်ကျော်မြင့် ဆိုသူကို လာမယ့် ၂၃ ရက်နေ့မှာ တရားရုံးသို့ ဆင့်ခေါ်ထားတယ်လို့ ပြည်တွင်းထုတ် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။



ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတဲ့ကိစ္စနဲ့ ပက်သက်ပြီး မိုက်ကယ်ကျော်မြင့် ဖုန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းပိတ်ထားပါတယ်။

တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

တောင်ဒဂုံမြို့နယ် ၆၄ ရပ်ကွက် ယာယီဝတ်ပြုကျောင်းဆောင်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးတင်စိုးကတော့ သူတို့ ဝတ်ပြုရတာ အေးဆေးဖြစ်ပြီး မိုက်ကယ်ကျော်မြင့် ကိစ္စနဲ့ ပက်သက်ပြီးတော့ သူတို့ကို လာရောက်မေးမြန်းတာ စုံစမ်းတာ မရှိဘူးလို့ ပြောပါတယ်။

မေလ ၁၄ ရက် နဲ့ ၁၅ ရက်နေ့ညက ပိတ်ခံခဲ့ရတဲ့ ဝတ်ပြုဆောင်တွေဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ ဝတ်ပြုဆောင်တွေဖြစ်ပါတယ်။

အခုအချိန်မှာတော့ ပိတ်ပင်ခံထားရတဲ့ ဝတ်ပြုကျောင်းဆောင်အားလုံး ပြန်လည် ဝတ်ပြုခွင့်ရပြီ ဖြစ်ပါတယ်။

No comments:

Post a Comment