Tuesday, May 21, 2019

စင်းလုံးငှါးခရီးသည်တင် မော်တော်ယာဉ်အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးအုတ်ခုံတိုက်မိ ယာဉ်မောင်းသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးရဲစခန်း ပိုင်နယ်မြေ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မေ ၂၀ ရက် နံနက်၅နာရီခွဲအချိန် က စင်းလုံးငှါးခရီးသည်တင် မော်တော်ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးအုတ်ခုံအား တိုက်မိသဖြင့် ယာဉ်မောင်းသေဆုံးခဲ့ကြောင်းသိရသည် ။ ဖြစ်စဉ်မှာ မေ ၂ဝရက် နံနက် ၅နာရီခွဲခန့်က မော်လူး ရဲစခန်းပိုင်နယ်မြေ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်း မိုင်တိုင်အမှတ် 262.5 KMနှင့် 265 KM အကြား အင်းတော်မြို့နယ်အတွင်းရှိ ဖားပန့်ကျေးရွာနှင့် စီပိန်းကျေးရွာကြားတွင် မန္တလေးမှ ဖားကန့်သို့ သွားရောက်မည့် ယာဉ်အမှတ် GG/----ယာဉ်ကို တိုးတက်အောင် ၂၅နှစ် တောဝေးရွာ ဘုတလင်မြို့နယ်နေသူ မောင်းနှင်ပြီး
ယာဉ်ပေါ်တွင် ဝင်းဆွေဦး ၃ဝနှစ် မင်းခန့်သော် ၁၄နှစ် တို့ လိုက်ပါလာစဉ် ယာဉ်မှာကားလမ်း၏ဝဲဘက်အခြမ်း လမ်းဘေးရေမြောင်းအုတ်ခုံအား ဝင်တိုက်မိသဖြင့် ယာဉ်မောင်းတိုးတက်အောင်တွင် ဦးခေါင်းယာဘက်ချိုစောင်း ဖူးရောင် မေးဝဲဘက်ပေါက်ပြဲ သတိမေ့ စကားမပြောနိုင်ဒဏ်ရာ၊ ဝင်းဆွေဦးတွင်အပေါ်နုတ်ခမ်းပေါက်ပြဲ ညာဘက်မျက်လုံးညို ရင်ခေါင်းနှင့် ကျောအောင့်ဒဏ်ရာ၊ မင်းခန့်သော်တွင် ယာဘက်ပေါင်အနောက်ခြမ်းပွန်း ယာဘက်ဒူးခေါင်း ၃လက္မခန့်ပေါက်ပြဲ ယာညိုသကြီးပွန်း ဒဏ်ရာများရှိခဲ့သဖြင့် ၎င်းတို့ ၃ဦးအားမော်လူးတိုက်နယ် ဆေးရုံသို့ပို့ဆောင်ကုသခဲ့ပြီး ထိုမှတဆင့် မိုးညှင်းဆေးရုံသို့ တက်ရောက်ကုသခဲ့ရာ ယာဉ်မောင်းတိုးတက်အောင်မှာ ရရှိသောဒဏ်ရာဖြင့် မိုးညှင်းဆေးရုံမရောက်မီလမ်းခရီးတွင် သေဆုံးခဲ့သည် ။ ဖြစ်စဉ်ကြောင့်ယာဉ်မဆင်မခြင်မောင်းနှင်သူ တိုးတက်အောင် ၂၅နှစ် အား မော်လူးနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည် ။

No comments:

Post a Comment