Thursday, May 30, 2019

တပ်နှင့် ပြည်ခိုင်ဖြိုးထပ်တင်သည့် ခြေဥပြင်ရေး ဥပဒေမူကြမ်းကို ပူးပေါင်းကော်မတီဖွဲ့၍ စစ်မည် သမ္မတလုပ်ပိုင်ခွင့်လျှော့ချရေး၊ လွှတ်တော်လုပ်ဆောင်ချက် ခြေဥနှင့် ညီ၊ မညီ အဓိပ္ပာယ်ဖွင့်ဆိုရေးတို့ ပါဝင်

တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးတင်ပြလာသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွှတ်တော်၌ ဆွေးနွေးခြင်းမပြုမီ ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်း၍အသေးစိတ်လေ့လာစိစစ်ရန် ပြည်ထောင်စုလွှတ်တော်က ဆုံး ဖြတ်သည်။ တပ်မတော်သားကိုယ်စား လှယ် ၁၀၅ ဦးအပါအဝင် ကိုယ် စားလှယ် ၁၄၅ ဦးလက်မှတ်ထိုး ထားပြီး ပြည်ခိုင်ဖြိုးအမတ် ဒေါက် တာမောင်သင်းက အဆိုပြုတင်ပြ လာသည့် အထက်ပါဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော် ဥပဒေကြမ်း ကော်မတီနှစ်ရပ် ပါဝင်သည့် ပူး ပေါင်းကော်မတီက သုံးသပ်၍ သြဂုတ် ၁၅ ရက်မတိုင်မီ အစီရင် ခံစာပြုစုရန် ယမန်နေ့က ပြုလုပ် သည့် အစည်းအဝေး၌ အတည်ပြု ခြင်းဖြစ်သည်။



‘‘အဓိက အဆိုတင်သွင်းတာ က သမ္မတလုပ်ပိုင်ခွင့် နှစ်ချက်၊ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတစ်ချက်နဲ့ ရွေး ကောက်ပွဲကော်မရှင်တစ်ချက် စုစုပေါင်း လေးချက်၊ ပုဒ်မလေးခု ကို တင်သွင်းထားပါတယ်’’ ဟု ဒေါက်တာ မောင်သင်းက ပြော သည်။

ဖက်ဒရယ်စနစ်ကို သွားမည် ဖြစ်၍ နိုင်ငံတော်သမ္မတက အား လုံးထိန်းချုပ်ထားသည့် ပုံစံမျိုး လျော့သွားစေရန်နှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ကို အလေးထားသည့် ပုံစံဖြစ် ပေါ်စေရေး ရည်ရွယ်သည်ဟု ၎င်း က ဆိုသည်။

‘‘နိုင်ငံတော်သမ္မတရဲ့ Top-Down ဆင်းလာတဲ့ဥစ္စာကိုလျှော့ ချလိုက်တာပါ။ ဒုတိယအချက်က လည်း အဲဒီလိုပဲလုပ်တယ်။ ရှင်း ရှင်းပြောရလို့ရှိရင် ဖက်ဒရယ် စနစ်ကို သွားလို့ရှိရင် ဗဟိုက ထိန်းချုပ်မှုအားလုံးကိုတော့ လျှော့ချသွားရမှာပဲလေ’’ ဟု ဒေါက်တာ မောင်သင်းက ပြောသည်။

ပြင်ဆင်ရန် အဆိုပြုချက် များ တင်သွင်းသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပုဒ်မများမှာ ပုဒ်မ ၂၄၈(ဂ)၊ ပုဒ်မ ၂၆၄(ခ)(၁)၊ ပုဒ်မ ၃၂၂ နှင့် ပုဒ်မ ၄၀၂ တို့ဖြစ်သည်။ ယင်းမတိုင်မီ ဖေဖော် ဝါရီအတွင်း၌လည်း သမ္မတခန့် ခွင့်ရှိသည့် တိုင်းနှင့် ပြည်နယ်ဝန် ကြီးချုပ်များဆိုင်ရာ ပုဒ်မ ၂၁၆ ကို ပြင်ရန် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးတို့ပူးပေါင်း၍ ဥပဒေကြမ်းတစ် ရပ်တင်သွင်းထားဖူးသည်။

ယမန်နေ့က တင်သွင်းသည့် ခြေဥပြင်ရေးဥပဒေကြမ်းပါ ပုဒ်မ ၂၄၈(ဂ) သည် ပြည်နယ်၊ တိုင်း လွှတ်တော်များ၏ သဘောတူညီ ချက်ဖြင့် သက်ဆိုင်ရာ အစိုးရအ ဖွဲ့၏ဝန်ကြီးဌာနများကို ချုံ့နိုင်၊ ချဲ့နိုင်သည့် လုပ်ပိုင်ခွင့် သမ္မတထံ ပေးအပ်ထားခြင်းကို တိုင်း၊ ပြည် နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းတိုင်ပင် ဟူ၍ ပြင်ဆင်ရန်ဖြစ်သည်။

ထို့အတူ တိုင်း/ပြည်နယ်ဝန် ကြီးချုပ်(သို့မဟုတ်)ဝန်ကြီးများ ရာထူးမှ နုတ်ထွက်ရန်၊ အနားပေး ရန် စသဖြင့် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ဆိုင်ရာ ပုဒ်မ ၂၆၄(ခ) (၁) အတွင်း အခြေခံဥပဒေထိန်း သိမ်းကာကွယ်စောင့်ရှောက်ရန်  ပျက်ကွက်လျှင်ဟူ၍ ထည့်သွင်း သတ်မှတ်ရန် ပါဝင်သည်။

အခြားတစ်ခုဖြစ်သည့် ပုဒ်မ ၃၂၂ သည် နိုင်ငံတော်ဖွဲ့စည်းပုံအ ခြေခံဥပဒေဆိုင်ရာ ခုံရုံး၏လုပ် ငန်းတာဝန်နှင့်ပတ်သက်၍ အခြေ ခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်ပြီး ယင်းတွင် ပါဝင်သည့် ‘ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် (သို့မဟုတ်)ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးတို့ ပြုစုသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီ၊ မညီစိစစ်ခြင်း’ ဟူ သောနေရာတွင် ‘ဥပဒေပြုလွှတ် တော်များ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏လုပ်ဆောင် ချက်သည် ဖွဲ့စည်းပုံအခြေခံဥပ ဒေနှင့်ညီ၊ မညီ အဓိပ္ပာယ်ဖွင့်ဆို ခြင်း’ ဆိုသည့်စာပုဒ်ကို အစားထိုး ရန်ဖြစ်သည်။

ပြင်ဆင်ရန် တင်ပြထား သည့် နောက်ဆုံး အချက်သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ပြီး ပုဒ်မ ၄၀၂ တွင် ‘ကော်မရှင်၏ဆုံးဖြတ် ဆောင်ရွက်ချက်များသည် အပြီး အပြတ်အတည်ဖြစ်စေရမည်’ ဟူ သော ပြဋ္ဌာန်းချက်အတွင်း ‘ကော် မရှင်၏ ဆောင်ရွက်ချက်များအ ပေါ် ဥပဒေနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့ အယူခံပိုင်ခွင့်ရှိ သည်’ ဆိုသော စာသားထပ်ဖြည့် ရန်ဖြစ်သည်။

‘‘ရွေးကောက်ပွဲကော်မရှင် က တက်လာသမျှ အစိုးရကပဲ ခန့်တာဖြစ်တဲ့အတွက်ကြောင့် အ ကယ်၍များ ဥပဒေကြောင်းအရ တိမ်းစောင်းတာရှိလို့ဆိုရင် အဲဒီ လူက သူတို့ ဒီရွေးကောက်ပွဲကော် မရှင်ရဲ့ ဆောင်ရွက်ချက်သည် အပြီးအပြတ် အတည်ဖြစ်စေရ မည်ဆိုတော့ နောက်ထပ်ဆက်ပြီး စောဒကတက်လို့မရဘူး။ ဥပဒေ နဲ့ညီလည်း တက်မရဘူး၊ မညီ လည်း တက်မရဘူး’’ဟု ဒေါက် တာမောင်သင်းက ပြောသည်။

ယမန်နေ့က တင်သွင်းသည့် ဥပဒေကြမ်းကို စိစစ်ရန် ပူးပေါင်း ကော်မတီကို အာဏာရပါတီ ဒီချုပ်အမတ်အများစုအပါအဝင် ပြည်ခိုင်ဖြိုး၊ တပ်မတော်သားနှင့် အခြားပါတီများမှ စုစုပေါင်း ၂၀ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယခင် ဖေဖော်ဝါရီလက တင်သွင်းဖူးသည့် ဥပဒေကြမ်းမှာမူ ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ၄၅ ဦးပါ ခြေဥ ပြင်ရေး ပူးပေါင်းကော်မတီ လုပ်ငန်းစဉ်အတွင်းသာ ထည့် သွင်းဆောင်ရွက်ရန် လွှတ်တော် က ဆုံးဖြတ်ဖူးပြီး ပြည်ခိုင်ဖြိုးက လည်း ထိုသို့ လုပ်ဆောင်ချက် သည် အခြေခံဥပဒေနှင့်ညီ၊ မညီ ဆုံးဖြတ်ပေးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံမှ တစ်ဆင့် အရေးဆိုထားသည်။

No comments:

Post a Comment