Thursday, June 20, 2019

ဘင်္ဂလားပင်လယ်အော်တွင် နှစ်ရက်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်

မုတ်သုံလေအားအလွန် ကောင်းနေ၍ မြန်မာနိုင်ငံတောင် ပိုင်းဒေသများ မိုးကောင်းနေစဉ် ဘင်္ဂလားပင်လယ်အော်တွင် နှစ် ရက်အတွင်း လေဖိအားနည်းရပ် ဝန်းဖြစ်လာနိုင်ကြောင်း သတိပေး ချက် ထုတ်ပြန်ထား၍ ရေဘေးအ တွက် သတိပြုရန်လိုအပ်သည်။ ဇွန်လ ၁၅ ရက်နောက်ပိုင်း ကစတင်၍ ဧရာဝတီတိုင်းဒေသ ကြီး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်မိုးကြီးခဲ့ပြီး လတ်တလောတွင် မုတ်သုံလေ အား လျော့ကျမည့် အခြေအနေမရှိ သေးပေ။ ထိုအခြေအနေတွင် ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်း၌ နှစ်ရက်အတွင်း လေဖိအား နည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ သည်။



‘‘လေဖိအားနည်းရပ်ဝန်းက ဖြစ်ဖို့၊ မဖြစ်ဖို့ကို စောင့်ကြည့်ရဦး မယ်။ ဒါပေမဲ့ မုတ်သုံကလည်း ကောင်းနေလို့ မိုးက ဆက်များ လာမယ်။ ရေဘေးအတွက်က တော့ သတိထားရမယ့် အချိန်ပါ’’ ဟု မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။

လက်ရှိကာလ နေရာကွက် မိုးကြီးမှုများကြောင့် ဧရာဝတီ၊ ချင်းတွင်းမြစ်အပါအဝင် မြစ်၊ ချောင်းများ ရေတိုးလာနေသည်။ ဇွန်လ ၁၉ ရက် တိုင်းတာချက်အရ မြို့ ၁၁ မြို့၌ နေရာကွက်မိုးကြီးခဲ့ ရာ မွန်ပြည်နယ်မှ ခုနစ်မြို့ ပါဝင် နေသည်။ မွန်ပြည်နယ်တွင် မိုး ကောင်းနေရာ ဇွန်လ ၁၈ ရက် နေ့လယ်က မုဒုံမြို့နယ် ရောင်း ဒေါင်းနှင့် နှီးပဒေါကျေးရွာကြား လမ်းပိုင်းတွင် ကားလမ်းရေကျော် မှုဖြစ်ပွားခဲ့သည်။

မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုး တန်းဒေသတွင် ပါဝင်သော ဧရာ ဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် မိုးကောင်း နေပြီး စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် လည်း မိုးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတိပေးထားသည်။ မိုးလေဝသပညာရှင် ဒေါက် တာထွန်းလွင်ကမူ လေဖိအား နည်းရပ်ဝန်းဖြစ်နိုင်ခြေသတင်းကို ဇွန်လ ၁၉ ရက် ညနေအထိ မထုတ်ပြန်သေးပေ။ သို့သော် နေရာကွက်မိုးကြီးမည့် အခြေအနေကို အထူးသတိပြုရန် ပညာရှင်က သတိပေးသည်။

No comments:

Post a Comment