Thursday, June 20, 2019

ဂျပန်နိုင်ငံ၌ ကျင်းပမည့် အာဆီယံလူငယ် ဘောလုံးပရောဂျက်တွင် မြန်မာမှ ငါးဦးရွေးချယ်ခံရ

ဂျပန်နိုင်ငံ၌ ကျင်းပ မည့် အာဆီယံလူငယ်ဘောလုံး ပရောဂျက် (Dreams Come True Project) တွင် မြန်မာကစား သမားငါးဦး ရွေးချယ်ခံရသည်။ အဆိုပါ (Dreams Come True Project) ကို ဂျပန်ဂျေလိဂ် ကလပ် ဆီရီဇိုအိုဆာကာအသင်း က ကြီးမှူးကျင်းပပြီး မြန်မာနိုင်ငံ အတွက် လူရွေးချယ်ပွဲကို ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုကွင်း၌ ပြုလုပ်ခဲ့ သည်။



အဆိုပါလူရွေးချယ်မှုတွင် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်၊ မန္တလေး ၊ ပုသိမ်) တို့မှ အသက် (၁၅) နှစ်အောက် ဘော လုံးသမား ၇၆ ဦး ၀င်ရောက်ရွေး ချယ်ခံပြီး ၎င်းတို့အနက် အလား အလာရှိသည့် ကစားသမားငါးဦး ကို နောက်ဆုံးရွေးချယ်ခဲ့သည်။

ပြိုင်ပွဲအတွက်ရွေးချယ်ခံရ သည့် ကစားသမားငါးဦးသည် အ မျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး) မှ ထွန်းလင်းအောင်၊ အောင်ကိုမင်း၊ အောင်ကျော်မင်း၊ ဇင်မျိုးထွန်းနှင့် အမျိုးသားဘော လုံးအကယ်ဒမီ (ပုသိမ်)မှ ကျော် သူရဦးတို့ ဖြစ်သည်။

အာဆီယံ Dreams Come True Project အတွက် လူရွေး ချယ်မှုကို ဂျေလိဂ်ကလပ် ဆီရီ ဇိုအိုဆာကာအသင်း နည်းပြအ ဖွဲ့က လာရောက်ရွေးချယ်ခြင်းဖြစ် ပြီး အာဆီယံဒေသနိုင်ငံများမှ အသက် (၁၅) နှစ်အောက် ကစား သမားများကို ထပ်မံရွေးချယ်မည် ဖြစ်သည်။

ဆီရီဇိုအိုဆာကာအသင်းက ကျင်းပမည့် အာဆီယံ Dreams Come True Project ကို ပါဝင် ခွင့်ရရှိသည့် ကစားသမားငါးဦး သည် သြဂုတ် ၈ ရက်တွင် ဂျပန် နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

သြဂုတ် ၉ ရက်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ အာဆီယံအ ကယ်ဒမီအသင်းနှင့် ပူးပေါင်းရ မည်ဖြစ်ပြီး သြဂုတ် ၁၀ ရက်တွင် ဆီရီဇိုအိုဆာကာ အကယ်ဒမီ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ထို့အပြင် အဆိုပါကစားသ မားများသည် သြဂုတ် ၁၁ ရက် တွင် ဂျေလိဂ်ဖလားပွဲစဉ်တစ်ပွဲ ကို ကြည့်ရှုလေ့လာခွင့်ရမည်ဖြစ် သည်။

No comments:

Post a Comment