Thursday, June 20, 2019

ရန်ကုန်တိုင်းသည် ရေကြီးသည့်စာရင်းမှ ကျော်လွှားနိုင်ခဲ့ကြောင်း ဦးဖြိုးမင်းသိန်းဆို

ရန်ကုန်တိုင်းဒေသကြီး သည် ရေကြီးသည့်စာရင်းမှ ကျော်လွှားနိုင်ပြီဟု ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းတွင် နှစ်စဉ် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့ရ သော်လည်း ယင်းပြဿနာလျော့ ပါးစေရေး ပြင်ဆင်နိုင်ခဲ့သည်ဟု ဇွန်လ ၁၈ ရက်က သတင်းထောက် များနှင့်တွေ့ဆုံစဉ် ၎င်းက ပြော ကြားခဲ့သည်။  ‘‘ပြီးခဲ့တဲ့ မိုးတွင်းကာလက ကျွန်တော်တို့တိုင်းကတော့ ရှင်း ရှင်းပြောရရင် မိုးများများရွာရင် ရေတင်တဲ့ ဖြစ်ရပ်တွေရှိပါတယ်။ ရေကြီးတဲ့စာရင်းကနေ ကျွန်တော်တို့လွတ်မြောက်လာခဲ့ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။



ယခုနှစ်တွင် အဆိုပါအခြေ အနေကို ဆက်လက်ထိန်းသိမ်း၍ ရေကြီးရေလျှံမှု လျော့နည်းရန် လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဆိုသည်။

ရာသီဥတု ပြောင်းလဲမှု ကြောင့် မိုးရွာသည့် ရက်လျော့ နည်းသော်လည်း မိုးရွာသည့်အ ချိန်တိုအတွင်း ရေနုတ်မြောင်းများ မှ ရေဆွဲမချနိုင်သဖြင့် လမ်းပေါ် တွင် ရေတင်သည့် အခြေအနေ များရှိနေသေးသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

‘‘ဒီထက်ဆိုးတဲ့ အခြေအနေ တစ်ခုက ရေထရက်လိုမျိုး၊ ဒီရေ ပြန်တက်တဲ့အချိန်မှာ ချောင်းက ရေထောက်ရင် အပေါ်ရေဆွဲဖို့က နည်းနည်းအခက်အခဲဖြစ်နိုင်ပါ တယ်။ ဒီအခြေအနေနဲ့ပတ်သက် လို့လည်း ကမ္ဘာ့ဘဏ်ရဲ့အကူအ ညီနဲ့ ရေတံခါးတွေ တပ်မယ်။ ပန့် နဲ့ ထုတ်နိုင်ဖို့ ကျွန်တော်တို့ကြိုးစား မယ်။ မြောင်းတွေကို ဒီထက်ပိုချဲ့ ပြီး ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်’’ဟု ဦးဖြိုးမင်း သိန်းက ပြောသည်။

အဆိုပါအစီအစဉ်ကို လတ် တလော ရန်ကုန်မြို့တွင်း မြို့ နယ်များ၌ လုပ်ဆောင်မည်ဖြစ် ကာ နောက်ပိုင်းတွင် မြို့နယ်တစ် ခုလုံး ဆောင်ရွက်မည်ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသ ကြီးရှိ ရေမြောင်းများ၏ ရှိသင့် သည့် အရွယ်အစားကို ပြန်လည် တွက်ချက်နေသည်ဟု မြို့တော် ဝန်ဦးမောင်မောင်စိုးကဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး​သည် ရေကြီးမှုစာရင်းမှ ကျော်လွှားနိုင်သည်ဆိုသော်လည်း မိုးများချိန်များတွင် လမ်းအများစု နှင့် ရပ်ကွက်အချို့၌ ရေကြီး ရေလျှံနေဆဲဖြစ်သည်ဟု မြို့ခံအ ချို့က ပြောသည်။ ‘‘ဘယ်တုန်းက အဲဒီစာရင်း က ကျော်သွားလဲ မသိဘူး။ မိုးဦး အစပဲရှိသေးလို့ ရေကြီးနစ်မြုပ်မှု သိပ်မရှိသေးတာလို့ ထင်တယ်’’ ဟု အငှားယာဉ်မောင်း ကိုသန်းစိုး လွင်က မှတ်ချက်ပြုသည်။ မြန်မာ နိုင်ငံ၏မိုးရာသီသည် ဇွန်လမှ စက်တင်ဘာအထိဖြစ်ပြီး မိုးရာသီ သုံးလကျော်ကျန် ရှိနေသေးသည်။

No comments:

Post a Comment