Thursday, June 20, 2019

မေတ္တာများဖြင့် လှပခဲ့သော မွေးနေ့

စစ်အစိုးရခေတ်မှသည် မျက်မှောက်ကာလအထိ မြန်မာပြည်သူအများစု တခုတ်တရမွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုဆင်နွှဲပေးလေ့ရှိသူနှစ်ဦးရှိသည်။ တစ်ဦးက မြန်မာ့လွတ်လပ်ရေးဗိသုကာဟုတင်စားခံရသူ၊ တစ်ဦးကတော့ ဒီမိုကရေစီပြယုဂ်အဖြစ် အသိအမှတ်ပြုခံရသူဖြစ်သည်။ေ မွးနေ့ရှင်မပါဝင်ဘဲ နေရာဒေသအများအပြားတွင် မွေးနေ့ပွဲများကို ပျော်ရွှင်ဝမ်းမြောက်စွာ ကျင်းပကြသည်။ မွေးနေ့ရှင်မသိသော်လည်း မွေးနေ့ရှင် အသက်ရှည်၊ ကျန်းမာပါစေကြောင်း ဆုတောင်းစကားများကို အူလိုက် သည်းလှိုက်ရေးသားဖော်ပြကြသည်။


‘‘ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေတဲ့အတွက်ကြောင့် ပြည်သူလူထုက ချစ်တာဗျ’’ ဟု မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်သူ ဦးမင်းတင်က မှတ်ချက်ပြုသည်။

တစ်စုံတစ်ဦးအတွက် မွေးနေ့ပွဲကျင်းပမှုကြောင့် အကျဉ်းစံရသူများ မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးသည်ဆိုလျှင် ယုံတမ်းစကားဟု ထင်သူများရှိကောင်းရှိနိုင်ပါသည်။

ယင်းသည် မြန်မာ့နိုင်ငံရေး အမှောင်ခေတ်တွင် အမှန်တကယ်ရှိခဲ့ဖူးကြောင်း သက်သေပြနိုင်သူအများအပြား သက်ရှိထင်ရှားရှိနေသည်။

      ဖိနှိပ်ချုပ်ချယ်မှုများဖြင့်တင်းကျပ်သော စစ်အုပ်ချုပ်ရေး ခေတ်ကာလမှာပင် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီး ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ရက်မြတ်ကို အလေးထား သူ အမြောက်အမြားရှိခဲ့သည်။ ၎င်းတို့အပေါ် အလေးအမြတ် ဂုဏ်ပြုလိုသော ဆန္ဒကြောင့် ပုန်း လျှိုးကွယ်လျှိုးမွေးနေ့ ပွဲကျင်းပ မှုဖြင့် နရသိန်စခန်း၌ စံမြန်းခဲ့ရ သူများလည်း ဒုနှင့်ဒေး။

 မျက်မှောက်ကာလတွင် ၎င်းတို့နှစ်ဦးအတွက်မွေးနေ့ အ ထိမ်းအမှတ် လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက် စွာ ကျင်းပနေသည်ကို အထင် အရှား မြင်တွေ့နိုင်ပြီဖြစ်သည်။

ယမန်နေ့တွင် ကျရောက် သော ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်ပြည့်မွေးနေ့၌ ယခင် နှစ်များကဲ့သို့ နိုင်ငံ နေရာအနှံ့ အပြားတွင် မွေးနေ့ပွဲများပြုလုပ်ခဲ့ ပြီး ရန်ကုန်မြို့လယ်၌ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သူ ၇၄၀ ဦးက မွေးနေ့ရှင်၏ရုပ်လွှာကို ပုံ ဖော်၍ မွေးနေ့ဆုတောင်းပေးခဲ့ သည်။ ၀န်းရံသူများ အပါအ၀င်ပြည်သူ ၁၀၀၀ ခန့် ပါဝင်ခဲ့သည်။ဒေသအသီးသီးမှ ပူးပေါင်း ပါဝင်သည့် အဆိုပါလှုပ်ရှားမှုကို  ဇွန်လ ၁၉ ရက် နံနက် ၇ နာရီ မိနစ် ၄၀ တွင် စတင်ခဲ့သည်။

‘‘တကယ်ကို ကိုယ်ချင်းစာတရားရှိတဲ့ပြည်သူတိုင်း၊ သူ့ရဲ့  မေတ္တာကို နားလည်နိုင်စွမ်းရှိတဲ့ ပြည်သူတိုင်းဟာ သူ့ရဲ့ချစ်ခြင်းကို  ကျေးဇူးတုံ့ပြန်ချင်တဲ့စိတ်တွေ လူ တိုင်းမှာရှိနေမှာပါ’’ ဟု အထက် ပါလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင် သူ ကိုမောင်မောင်အေးက ပြော သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ပြုလုပ်သည့် ဒေါ် အောင်ဆန်းစုကြည်၏ မွေးနေ့အ ထိမ်းအမှတ် ဂုဏ်ပြုလှုပ်ရှားမှုများ တွင် အာဟာရဒါနအလှူပြုလုပ် ခြင်းအပါအ၀င် ဘာသာရေးဆိုင် ရာ ဆောင်ရွက်ချက်များလည်း  ပါဝင်သည်။

 မန္တလေး အိုးဘိုအကျဉ်း ထောင်အတွင်း အကျဉ်းကျနေသူ များအတွက် ပါမေက္ခချုပ်ဆရာ တော်ဒေါက်တာ နန္ဒမာလာဘိဝံ သ၏ အထူးတရားပွဲကျင်းပခြင်း၊ ဗဟန်းမြို့ရှိ NLD ပါတီရုံးချုပ်တွင် သံဃာတော်များနှင့် သီလရှင်များ အား ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်း ပြုလုပ်ခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး အသိပညာပေးမှုအဖြစ်  နိုင်ငံအနှံ့ဒေသအချို့တွင် သစ်ပင် စိုက်ပွဲအများအပြားကိုလည်း ပြု လုပ်ခဲ့သည်။ ပြည်ပရောက်မြန်မာ နိုင်ငံသားများကလည်း လူထုခေါင်းဆောင်၏မွေးနေ့ကို အမှတ်တရရှိနေကြောင်း ပြသသည်။

‘‘တောက်လျှောက်ဇောက် ထိုး ဆင်းလာခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ်ကို အမေစု လက်ထဲမှာ ပြန်မြှင့်တင်နိုင်မယ် လို့ ယုံကြည်တယ်’’ဟု ရန်ကုန် မြို့တွင်ပြုလုပ်သော မွေးနေ့ဆု တောင်းပွဲတွင်ပါဝင်ခဲ့သူ ဦးမျိုး ဇော်ဦးက ပြောသည်။

ယင်းသို့ ပြည်သူလူထုအများ စု၏ ချစ်ခြင်းမေတ္တာကို ဒေါ် အောင်ဆန်းစုကြည်က ပိုင်ဆိုင် ထားခြင်းသည် ဗိုလ်ချုပ်အောင် ဆန်း၏ သမီးဖြစ်ခြင်းကြောင့်၊ နိုင်ငံရေးသြဇာကြောင့်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေ ခြင်းကြောင့်သာဖြစ်သည်ဟု ဦးမင်းတင်က သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် ပြည်သူလူထု အကြားတွင် ကြီးမားစွာရှိသည်ကို  တစ်နှစ်ထက်တစ်နှစ် ပိုမိုထင်ရှား လာသည်ကို တွေ့ရကြောင်းလည်း ၎င်းကမှတ်ချက်ပြုသည်။

မကြာမီက ပြည်တွင်းအဖွဲ့ အစည်းတစ်ခုက ကောက်ယူ သော စစ်တမ်းတစ်ခုတွင် ဒေါ်  အောင်ဆန်းစုကြည်က နိုင်ငံရေး ယုံကြည်မှုအရ ၇၀ ရာခိုင်နှုန်းဖြင့်  ထိပ်ဆုံး၌ ရပ်တည်နေသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဒုတိယနေရာက နိုင်ငံတော် သမ္မတထက်ပင် ၁ ရာခိုင်နှုန်း ယုံ  ကြည်မှု ပိုရနေသည်ဟု ယင်းစစ် တမ်းကဆိုသည်။ ယင်း ‘‘၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်’’ လူထုစစ် တမ်းကို ရွေးကောက်ပွဲဆိုင်ရာ  ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)က ကောက်ယူခြင်းဖြစ်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ် စဉ်အရ ပြည်သူအများစုသည်  ထွက်ပေါက်မဲ့နေပြီး ဒေါ်အောင် ဆန်းစုကြည်ကသာ တစ်ခုတည်း သော မျှော်လင့်ချက်ဟု ရှုမြင်နေ ဆဲဖြစ်ကြောင်း နိုင်ငံရေးလေ့ လာသူအချို့က သုံးသပ်သည်။

ထို့ကြောင့် ယခုကဲ့သို့ သူ့ကို ထောက်ခံကြောင်း ဖော်ထုတ်ပြ သမှုများသည် ဒေါ်အောင်ဆန်းစု ကြည်နှင့် သူဦးဆောင်သော NLD ပါတီအပေါ် နိုင်ငံရေးအရ သက် ရောက်မှုရှိကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူ ဦးသီဟသွေးက ရှုမြင်သည်။

‘‘တခြားလည်း အစားထိုးစ ရာမရှိတဲ့ အနေအထားမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက် ပြီးတော့ မျှော်လင့်နေတယ်ဆိုတဲ့  လက္ခဏာပဲ’’ဟု ၎င်းကပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်နှင့် NLD ပါတီ ဝင်များအနေဖြင့် အဆိုပါမျှော် လင့်ချက်နှင့် ထိုက်တန်သောလုပ် နိုင်စွမ်းအားကိုပြသရန် လိုအပ်နေ ဆဲဖြစ်ကြောင်းလည်း ဦးသီဟ သွေးက  တစ်ဆက်တည်းထောက် ပြသည်။

‘‘လက်ရှိတိုင်းပြည်မှာရှိတဲ့  အခက်အခဲတွေကို ဖြေရှင်းနိုင် စွမ်းပေါ့။ အခုတစ်နှစ်၊ ၂ နှစ် အ တွင်း ဒီလက္ခဏာတွေ မြင်ရပြီဆို ရင် လူတွေက ၂၀၁၅ မတိုင်ခင် ကလိုပဲ တက်တက်ကြွကြွနဲ့၂၀၂၀မှာ အားပေးပါလိမ့်မယ်’’ဟု ဆိုသည်။

တိုင်းရင်းသားပြည်နယ်များ တွင် ဒေါ်အောင်ဆန်းစုကြည်ကို  ထောက်ခံသည့်လှုပ်ရှားမှု နည်း ပါးခြင်းက ၂၀၂၀ ရွေးကောက်ပွဲ အတွက် ညွှန်းကိန်းတစ်ခု ဖြစ်လာ နိုင်ကြောင်း လေ့လာစောင့်ကြည့် သူအချို့ဆိုသည်။

ဗမာတိုင်းရင်းသားလွှမ်းမိုး သည့် တိုင်းဒေသကြီးများတွင် ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်  အမာ ထောက်ခံနေခြင်းကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ယင်းဒေသများ၌ ၎င်းဦးဆောင် သည့် NLD ပါတီက အုံနှင့်ကျင်း နှင့် ထောက်ခံမှုရလိမ့်မည်ဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

‘‘တိုင်းရင်းသားတွေကတော့  သိပ်ပြီးတော့ အရင်လိုအူလိုက် သည်းလိုက် ထောက်ခံကြလိမ့် မယ်လို့ မထင်ဘူးပေါ့’’ ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ၂၀၂၀ ရွေး ကောက်ပွဲရလဒ်အတွက် ခန့်မှန်း ပြောကြားရန် လွန်စွာစောလွန်း နေကြောင်းနှင့် ဒေါ်အောင်ဆန်းစု ကြည်၏ NLD ပါတီ သည် ၂၀၁၅ ခုနှစ်ကဲ့သို့ တောင်ပြိုကမ်းပြို မနိုင်နိုင်သော်လည်း ရာခိုင်နှုန်းအ များစုအနိုင်ရဦးမည်ဟု ဦးမင်း တင်က ဆိုသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ဆက်ပြီး နိုင်နိုင်နေသေးတယ်ဆို တာ သူ့ရဲ့မှန်ကန်တဲ့လုပ်ရပ်၊ မှန် ကန်တဲ့ စေတနာ အပေါ်မှာ မူ တည်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူလူထုက ချစ်ခြင်း မေတ္တာ ပြန်တုံ့ပြန်တာဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။

မြန်မာ့နိုင်ငံရေး လေ့လာ စောင့်ကြည့်သူအချို့က ဒေါ် အောင်ဆန်းစုကြည်၏ မွေးနေ့အ ပေါ် ပြည်သူလူထု၏ တုံ့ပြန်မှုကို  လက်ရှိနိုင်ငံရေးဖြစ်စဉ်၊ အခြေအ နေနှင့် နှိုင်းယှဉ်သုံးသပ်ခြင်းက  သဘာဝမကျကြောင်းနှင့် မဆိုင် သည့်အကြောင်းအရာနှစ်ခုသာ ဖြစ်ကြောင်း မှတ်ချက်ပြုသည်။မွေးနေ့ရှင် ဒေါ်အောင်ဆန်း စုကြည်က ပြည်သူလူထုထံမှ မွေး နေ့လက်ဆောင်အဖြစ် တစ်နှစ်အ တွင်းဆောင်ရွက်ခဲ့မှုကို ပြန်လည် သုံးသပ်ကာ နောင်နှစ်တွင် ယခု နှစ်ထက် ပိုမိုတန်ဖိုးရှိသည့်ကိစ္စ များဖြစ်မြောက်အောင် ဆောင် ရွက်မည်ဟူသော သန္နိဋ္ဌာန်များချ စေလိုကြောင်း ယမန်နေ့တွင်ပြော သည်။

ထို့ပြင်သူ့၏ မွေးနေ့အတွက် အမှတ်တရ ဆုတောင်းစကားနှင့် မွေးနေ့လက်ဆောင်ပို့သသူများ အားလုံးကို မသိနိုင်သော်လည်းပို့သသော မေတ္တာအားလုံးကိုခံစားရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား သ တင်းစကားပါးသည်။ ‘‘ကောင်းကင်က ကျလာတဲ့  မိုးပေါက်တိုင်းကို မသိနိုင်ပေမယ့်  ဒီမိုးပေါက်များရဲ့ စုပေါင်းအားနဲ့ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြည်သ လိုပါပဲ၊ များပြားလှသောမေတ္တာ၊ စေတနာရှင်များရဲ့အားနဲ့ ရှင်သန် နေတယ်လို့ ပြောရင်မမှားပါဘူး’’ ဟု ၎င်းကဆိုသည်။

No comments:

Post a Comment