Thursday, June 20, 2019

ခြင်းလုံးအဖွဲ့ချုပ် နှစ်ဖွဲ့ကွဲနေ၍ ဖိလစ်ပိုင်ဆီးဂိမ်း ၀င်ပြိုင်မည်မဟုတ်ဟုဆို

 မြန်မာ့ခြင်းလုံးအား ကစားတွင်  အဖွဲ့နှစ်ဖွဲ့ကွဲပြားနေ သဖြင့် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ကြိုး ပမ်းမည်မဟုတ်ကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်က ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဟူ၍ အဖွဲ့ နှစ်ဖွဲ့ကွဲပြားနေသည်။ ထိုသို့အဖွဲ့ နှစ်ဖွဲ့ကွဲပြားနေသဖြင့် လာမည့် ဖိလစ်ပိုင်ဆီးဂိမ်းအပါအ၀င် နိုင်ငံ တကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် အ ခက်အခဲနှင့်ကြုံနေရကြောင်း ဦးရဲ အောင်က ပြောသည်။



‘‘မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ ချုပ်ဆိုတာက တရားဝင်ရွေး ကောက်ပွဲလုပ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ နိုင်ငံတော်ရဲ့ လမ်းညွှန် ချက်အတိုင်း ရွေးကောက်ခံထား တဲ့အဖွဲ့ပါ။ အခုက ကျွန်တော်တို့ နဲ့ နာမည်ဆင်တူ မြန်မာနိုင်ငံရိုး ရာခြင်းလုံးအဖွဲ့ချုပ်ဆိုပြီး တစ်ခု ထပ်ပေါ်လာပါတယ်။ ဆီးဂိမ်းမှာ  ပါဝင်ခွင့်ရဖို့ဆိုတာက အရင်တုန်း ကလည်း ပြိုင်ပွဲကျင်းပရေးကော် မတီကို သွားရောက်ညှိနှိုင်းပြီး ရိုး ရာခြင်းပါဝင်ခွင့်ရဖို့ ကြိုးပမ်းရ တာပါ။ ဒီလိုမျိုးအဖွဲ့နှစ်ဖွဲ့ ကွဲနေ တဲ့အတွက် လာမယ့်ဆီးဂိမ်းမှာ ပါဝင်နိုင်ဖို့ ကြိုးပမ်းမှာမဟုတ် တော့ပါဘူး။ ဒါက နိုင်ငံအတွက် ရော၊ ကစားသမားတွေအတွက် ရော အရမ်းနစ်နာပါတယ်’’ဟု ဦးရဲအောင်က ဇွန်လ ၁၈ ရက်၌ Cetral Hotel တွင် မြန်မာ့ရိုးရာ ခြင်းလုံးအဖွဲ့ချုပ်၏ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ကျင်းပ သည့် မီဒီယာများနှင့် တွေ့ဆုံပွဲ၌  ပြောသည်။

အဆိုပါ ခြင်းလုံးအဖွဲ့နှစ်ဖွဲ့ စလုံးကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီက တရားဝင်အသိအ မှတ်ပြုသတ်မှတ်ထားပြီး မြန်မာ နိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ကို  ၂၀၁၉ မေလ ၁၅ ရက်တွင် အ တည်ပြုခဲ့ကာ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ကို ၂၀၁၉ မေလ ၁၈ ရက်က ထပ်မံအတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အကြံပေးပုဂ္ဂိုလ် ဦးဘန်တီတင် အောင်ကို မေးမြန်းရာ‘‘ကျွန်တော် တို့ကတော့ ဦးစိုးနိုင်တို့ ဦးဆောင် တဲ့အဖွဲ့ကို ရွေးကောက်ပွဲလုပ်ပေး လိုက်တာပါ။ ရွေးကောက်ပေးတဲ့ အဖွဲ့ကိုပဲ ကော်မတီဆီတင်ပြပေး ပါတယ်။ ကျန်တဲ့အပိုင်းက သက် ဆိုင်ရာ တာဝန်ရှိသူတွေကိုပဲ မေး စေချင်ပါတယ်’’ဟု ပြောသည်။

၂၀၁၃ နေပြည်တော်ဆီး ဂိမ်းကစတင်ကာ နိုင်ငံတကာပြိုင် ပွဲများအဖြစ် စတင်ယှဉ်ပြိုင်ခဲ့ သည့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ ချုပ်သည် ၂၀၁၃ တွင် ရွှေတံဆိပ် ခြောက်ခု၊ ၂၀၁၅ နှင့် ၂၀၁၇ ဆီး ဂိမ်းတို့တွင် ရွှေတံဆိပ်နှစ်ခုစီ ဆွတ်ခူးခဲ့သည်။ ယခုနှစ်နိုဝင်ဘာတွင် ဖိလစ် ပိုင်နိုင်ငံ၌ ကျင်းပမည့်အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစား နည်း ၅၇ မျိုးပါဝင်ပြီး ခြင်းလုံး အားကစားနည်းမပါဝင်ပေ။ ခြင်းလုံးသည် မြန်မာ့ရိုးရာအားကစားနည်းဖြစ်ပြီး ယခင်နှစ်များက ဆီးဂိမ်းတွင် ပါဝင်ရန်တာဝန်ရှိသူများက အိမ်ရှင်နိုင်ငံမှ ပြိုင်ပွဲကျင်းပရေးကော်မတီသို့ သွားရောက်ကြိုတင်ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment