Thursday, June 20, 2019

ဘုရင့်နောင်ပွဲရုံမြေကို ငှားရမ်းစာချုပ်သက်တမ်းတိုး ချုပ်ဆိုနိုင်ရေး တပ်မတော်နှင့်ညှိနှိုင်းမည်ဟု ဦးဖြိုးမင်းသိန်းဆို

ဘုရင့်နောင်ပွဲရုံမြေကို ငှားရမ်းစာချုပ်သက်တမ်းတိုးချုပ် ဆိုနိုင်ရေး တပ်မတော်နှင့် ညှိနှိုင်း မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။  ဘုရင့်နောင်ပွဲရုံမြေသည် တပ်မြို့စည်ပင်ပိုင်မြေဖြစ်ပြီး လာ မည့် နှစ်တွင် ငှားရမ်းစာချုပ်ပြည့် မည်ဖြစ်ကာ သက်တမ်းပြည့်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီကို ဆက်လက်ငှား ရမ်းခြင်းမပြုတော့ကြောင်း သတင်း များထွက်ပေါ်နေသည်။



‘‘ဒါနဲ့ပတ်သက်ပြီး စာချုပ်မှာ သက်တမ်းပြင်ချင်တယ်ပေါ့နော်။ YCDC နဲ့ ဆက်လက်သက်တမ်း တိုးဖို့အတွက် ကျွန်တော်တို့တိုင်း ဒေသကြီးက ဆောင်ရွက်မှာဖြစ် ပါတယ်။ ကျွန်တော်တို့စာပို့ရင် သူတို့ဘက်က ဆက်ငှားမယ်၊ မငှားဘူး၊ ဘယ်လိုလုပ်မယ်ဆိုတာ ညှိနှိုင်းရမှာပေါ့။ ၂၀၂၀ မှ ဆိုတော့ ကျွန်တော်တို့ဘက်က အသိပေးထားပြီးသားပါ။ ကျွန်တော်တို့ဘက်က ဆက်ပြီးစာချုပ်ချုပ်ဖို့  ကြိုးစားသွားမှာ ဖြစ်ပါတယ်’’ဟု ဇွန်လ ၁၈ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဦးဖြိုးမင်းသိန်း က ပြောကြားသည်။

ဘုရင့်နောင်ပွဲရုံမြေသည် မြေဧက ၁၄၀ ခန့်ရှိပြီး နှစ် ၃၀ သက်တမ်းဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ငှားရမ်းထားခြင်းဖြစ်သည်။  ယင်းပွဲရုံမြေကို ၁၉၉၀ တွင် တည်ဆောက်ခဲ့ပြီး အခြေခံစား သောက်ကုန် ကုန်ခြောက်များ  အဓိကဖြန့်ဖြူးရောင်းချသည်။

No comments:

Post a Comment