Thursday, June 20, 2019

China Eastern လေကြောင်းလိုင်းက ရန်ကုန်-ရှန်ဟိုင်းခရီးစဉ် စတင်ပြေးဆွဲ

ယခုနှစ်အတွင်း မြန်မာ -တရုတ်နှစ်နိုင်ငံအကြား ခရီး သည် သုံးသိန်းခြောက်သောင်းခန့် ကို ၀န်ဆောင်မှုပေးရန် ခန့်မှန်း ထားကြောင်း China Eastern လေကြောင်းလိုင်းက ထုတ်ပြန် သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အကြား ကိုးခုမြောက်ခရီးစဉ်အ ဖြစ် ရှန်ဟိုင်း-ရန်ကုန်တိုက်ရိုက် လေကြောင်းခရီးစဉ်ကို China Eastern လေကြောင်းလိုင်းက ဇွန်လ ၁၉ ရက်တွင် စတင်ပျံသန်း ခဲ့သည်။ အဆိုပါလေကြောင်းလိုင်း သည် Airbus 320 အမျိုးအစား လေယာဉ်ကို အသုံးပြု၍ ရန်ကုန် -ရှန်ဟိုင်းတိုက်ရိုက်ခရီးစဉ်ကို ပျံ သန်းခြင်းဖြစ်ပြီး တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းမည်ဖြစ်သည်။ အ ဆိုပါလေကြောင်းလိုင်းသည် မန္တ လေး-ရှန်ဟိုင်းခရီးစဉ်ကို ဇန်န၀ါ ရီ ၃ ရက်တွင် စတင်ပျံသန်းခဲ့သည့် နောက် ရန်ကုန်သို့ တိုးချဲ့ပျံသန်း ခဲ့ခြင်းဖြစ်သည်။



ရှန်ဟိုင်း-ရန်ကုန်ခရီးစဉ် သည် အင်္ဂါ၊ ကြာသပတေး၊ စနေ ဖြစ်ပြီး ရန်ကုန်-ရှန်ဟိုင်းခရီးစဉ် သည် ဗုဒ္ဓဟူး၊ သောကြာ၊တနင်္ဂနွေ ဖြစ်သည်။  ခရီးစဉ်ကြာမြင့်ချိန် ငါးနာရီခန့်ဖြစ်သည်ဟု China Eastern လေကြောင်းလိုင်းက ထုတ်ပြန်သည်။

ရန်ကုန်-ရှန်ဟိုင်းခရီးစဉ်ကို Spring လေကြောင်းလိုင်းက ဇူ လိုင်အတွင်း ပြေးဆွဲရန်ရှိသည်ဟု China Global Television Network သတင်းဌာနက ဇွန်လအ တွင်း ဖော်ပြခဲ့သည်။ အဆိုပါလေ ကြောင်းလိုင်းသည်  ရှန်ဟိုင်း-ရန်ကုန်ခရီးစဉ်ကို တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူးနှင့်သောကြာနေ့တို့တွင်ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်-ရှန်ဟိုင်းခရီးစဉ်ကို တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေတွင် ပျံသန်းမည်ဟု ဖော်ပြထားသည်။ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနသည် ၂၀၁၈ အောက်တိုဘာ ၁ ရက်ကစတင် ကာ တရုတ်နိုင်ငံသားများကိုဗီဇာ ဖြေလျှော့ပေးခဲ့သည့်နောက် တ ရုတ်နိုင်ငံအခြေစိုက်လေကြောင်း များ မြန်မာနိုင်ငံတွင် တိုးချဲ့ပျံ သန်းခဲ့သည်။

No comments:

Post a Comment