Thursday, June 20, 2019

ပျဉ်းမနားမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံး

Image may contain: one or more people and outdoorပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာအနီး မြို့ရှောင်လမ်း ငွေကြယ်စင် စက်သုံးဆီအရောင်းဆိုင်ရှေ့၌ဇွန်လ ၁၉ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင်း တစ်ဦးသေဆုံးခဲ့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာအနီး မြို့ရှောင်လမ်း ငွေကြယ်စင် စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ပျဉ်းမနားမှ သာဝတ္ထိသို့ သန့်ဇင်ဦး(၂၀)နှစ် မောင်းနှင်သည့် 2N/×××× Nissan ၂၂ ဘီးယာဉ်သည် လားရာတူရှေ့လမ်းဘေးတွင် စက်ပျက်၍ ရပ်တန့်ထားသည့် 2B/×××× Nissan ၁၂ ဘီးယာဉ်အား ဝင်ရောက်တိုက်မိရာ
ယာဉ်အောက်၌ စက်ပြင်ဆင် နေသော ယာဉ်မောင်း ချစ်ဦးမောင်(၃၀)နှစ်နှင့် ယာဉ်နောက်လိုက် ကိုထွေး(၂၈)နှစ်တို့တွင် ယာချိုစောင်း၊ ခြေသလုံး၊ ဒူး၊ ခြေခုံပေါက်ပြဲ၊ ယာနား သွေးထွက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် နေပြည်တော်ခုတင် (၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေစဉ် ချစ်ဦးမောင်မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး သန့်ဇင်ဦး (ဖမ်းမိ)အား ပျဉ်းမနား မြို့မရဲစခန်း ယာဉ်(ပ)၂၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန် နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment