Thursday, June 20, 2019

ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် အသေးစား စက်မှုဥယျာဉ်စီမံကိန်းဖော်ဆောင်မည်

ဒဂုံမြို့သစ် အရှေ့  ပိုင်း မလစ်ကျေးရွာအနီးတွင် မြို့တော်သစ်အသေးစားစက်မှု ဥယျာဉ်စီမံကိန်းတည်ဆောက်ရန် အစီအစဉ်ရှိကြောင်း New City Development ကုမ္ပဏီက ကြေ ညာသည်။  ထိုသို့ တည်ဆောက်ရန်စီမံ ကိန်းဆိုင်ရာ အချက်အလက်များ၊   လူမှုဘ၀နှင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်နိုင်မှုများကို လေ့လာ  ဆန်းစစ်ခြင်းနှင့် စီမံကိန်းသက် ရောက်မည့် ဧရိယာတစ်ခုလုံး စစ်တမ်းကောက်ယူခြင်းများကို  ဇွန်လ ၂၂ ရက်တွင် အများပြည် သူသို့ရှင်းပြမည်ဖြစ်ကြောင်းအ ဆိုပါ ကုမ္ပဏီက ဆိုသည်။



‘‘ဒီစီမံကိန်းက အစိုးရဘက် က ဦးဆောင်ပြီး ဖော်ဆောင်တဲ့   စီမံကိန်းပါ’’ ဟု ဒဂုံမြို့သစ် အ ရှေ့ပိုင်း တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးကျော်  ကျော်မောင်ကပြောသည်။

အဆိုပါ စီမံကိန်းကို မြေ ဧက ၅၅၀ ခန့်တွင် အကောင်အ ထည်ဖော်မည်ဖြစ်သည်။  New City Development ကုမ္ပဏီကို ၂၀၁၅ တွင် တည်ထောင်ခဲ့ပြီး အ ဆိုပါစီမံကိန်းအပါအ၀င် မြေဧက  ၇၀၀ ရှိသည့် ဇရပ်ကွင်းဥယျာဉ်  စက်မှုဇုန်၊  မြေဧက ၅၀၀ ရှိသည့် ရှမ်းတဲကြီးအကြီးစားစက်မှုဇုန်နှင့် ဧက ၅၀၀ ရှိသည့် ဒလဘန်း စက်မှုဥယျာဉ်တို့ကို လုပ်ကိုင်ခွင့် ရထားသည်။

တိုင်းအစိုးရက ဒဂုံမြို့သစ် အရှေ့ပိုင်း၌ အရှေ့ဒဂုံခေတ်မီ စက်မှုဇုန် (၁)နှင့် (၂)ကိုအကောင် အထည်ဖော်ရန် စီစဉ်ထားသည် ဟု ရန်ကုန်တိုင်းစီမံကိန်းဘဏ် စာရင်းတွင် ဖော်ပြထားသည်။

ဇုန်(၁)သည်မြေဧက၂,၈၅၀ ကျယ်ဝန်းပြီး  အသေးစားစက်မှု  လုပ်ငန်းများနှင့် စီးပွားရေးဇုန် တည်ထောင်ရန်အစိုးရက စီစဉ် ထားသည်။ ထိုစက်မှုဇုန်သည်ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရန် ဖြစ်သည်ဟု စီမံကိန်းဘဏ်တွင် ဖော်ပြထားသည်။  ဇုန်(၂)သည်မြေ၆,၅၅၅ဧက  ရှိပြီး ဇုန် (၁) ကဲ့သို့ပင် စက်မှုဇုန် နှင့် စီးပွားရေးဇုန်များတည်ထောင် ရန်ဖြစ်သည်။ ဇုန်နှစ်ခုစလုံးတွင်  လူနေအိမ်ရာများပါဝင်မည်ဖြစ် သည်။ ဇုန်နှစ်ခုစလုံးအတွက် စီမံ ကိန်းအကြိုလေ့လာမှုများ ပြု လုပ်ခဲ့ပြီး၂၀၁၉ နှစ်စပိုင်းတွင် စီမံကိန်းဖြစ်နိုင်ခြေရှိ၊ မရှိလေ့ လာခဲ့သည်။

No comments:

Post a Comment