Thursday, June 20, 2019

လူမှုကွန်ရက်ပေါ် ထုတ်လွှင့်နေသောရုပ်သံလိုင်းအချို့ ဥပဒေလိုက်နာခြင်းမရှိဟု ပြန်ကြားရေးဒုဝန်ကြီးပြော

လူမှုကွန်ရက်စာ မျက်နှာများပေါ်မှ ထုတ်လွှင့်နေ သော အချို့ရုပ်သံလိုင်းများသည် နိုင်ငံ၏ တည်ဆဲဥပဒေများကို လုံးဝ လိုက်နာဆောင်ရွက်ခြင်းမရှိ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း က ပြောသည်။ တရားမ၀င် ဂြိုဟ်တုစ လောင်းရုပ်သံလိုင်းများ၊ Online Tv Channel များနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် နည်းလမ်း များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ဇွန်လ ၁၈ ရက်က နေပြည် တော်သင်္ဂဟဟိုတယ်၌ ပြုလုပ်ပြီး နောက် မီဒီယာများ၏ မေးမြန်းမှုကို ဒုဝန်ကြီးက အထက်ပါအတိုင်းဖြေကြားခြင်းဖြစ်သည်။



‘‘ကြော်ငြာတွေက အစပေါ့။ ဆေးကြော်ငြာတွေ အမျိုးမျိုးကို ကြော်ငြာချင်သလို ကြော်ငြာနေတယ်။ အဲဒါက ကျွန်တော်တို့နိုင်ငံ ရဲ့ ငွေရေးကြေးရေးအားဖြင့် တောင်မကဘူး၊ အခွန်အခအားဖြင့်တောင်  မကဘူး၊ ယဉ်ကျေးမှု ဓလေ့စရိုက်ကိုလည်း  များစွာ အကျိုးသက်ရောက်မှုရှိပါတယ်’’ ဟု ဦးအောင်လှထွန်းက ဆိုသည်။

ထို့အပြင် ယင်းကိစ္စရပ်များ သည် ငွေကြေးအရလည်း နိုင်ငံ၏အခွန်အခများအပေါ် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေသည့်အပြင် လုပ်ငန်းရှင်များအပေါ်တွင်လည်း ထိ ခိုက်မှုဖြစ်စေသည်ဟု ဒုဝန်ကြီးက ပြောသည်။ ယင်းသို့ တရားမ၀င် Online TV လိုင်းများသည် အရေအတွက်ပင် ခန့်မှန်း၍ မရနိုင်သည့် အပြင် အိမ်နီးချင်းနိုင်ငံများမှ တရားမ၀င် ၀င်ရောက်နေသည့် ဂြိုဟ်တုစလောင်းများစွာလည်းရှိနေသည်ဟု ၎င်းက ပြောသည်။

‘‘ဒါလွှတ်ထားလို့တော့ မရတော့ဘူးလေ။ သတိပြုမိတာကြာ ပါပြီ။ ဘယ်လိုပုံစံလုပ်သင့်လဲ၊ ဘာလို့ဆို စဉ်းစားဖို့ ကောင်းတာတွေ အများကြီးရှိပါတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ဆက်လက်စဉ်းစားမှာပါ။ ဥပဒေနဲ့လုပ် သင့်ရင်လည်း လုပ်မယ်။ ဥပဒေ ဘောင်ဝင်အောင် လုပ်ရင်လည်း လုပ်မယ်။ နည်းလမ်းတွေရှာကြ မှာပေါ့’’ဟု ဦးအောင်လှထွန်းက ပြောသည်။

ပြည်တွင်းရှိ လွတ်လပ်သော မီဒီယာပလက်ဖောင်းများ၊ ရုပ်သံ လိုင်းများ ပိုမိုထွက်ရှိလာခြင်း သည် ပြည်သူများအတွက် ရွေး ချယ်စရာ များပြားလာစေကြောင်း၊ တရားဝင်မှတ်ပုံတင်ခြင်းမရှိဘဲ ဆောင်ရွက်နေသည့် ရုပ်သံလိုင်း များသည် ယခင်စစ်အစိုးရလက် ထက်က လုပ်၍မရခဲ့သဖြင့် ပိတ်ပင်တားဆီးမည်ဆိုသည့် အယူအ ဆထက် မြန်မာနိုင်ငံ၏မီဒီယာ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး မည်သို့ ပူးပေါင်းဆောင်ရွက်မည် ဆိုသည်ကို ဆွေးနွေးအဖြေရှာ သင့်ကြောင်း Mizzima Media  CEO ဦးစိုးမြင့်က မှတ်ချက်ပြု သည်။

‘‘ပိတ်မယ်၊ တားမယ်၊ ဆီးမယ်ဆိုတဲ့ အယူအဆ မရှိသင့်ဘဲ နဲ့ သူတို့နဲ့အတူ ဘယ်လိုမျိုးပူး ပေါင်းပြီးတော့ မြန်မာနိုင်ငံမီဒီယာဖွံ့ဖြိုးမှုကို ဘယ်လိုမျိုး လုပ်လို့ ရမလဲ၊ မြန်မာပြည်သူတွေက ဒီထက်ပိုပြီးတော့ ပလက်ဖောင်း တွေ၊ ရုပ်သံလိုင်းတွေ၊ ထုတ်လွှင့် မှုတွေ၊ အဲဒါတွေကို သိရှိခွင့်၊ ကြည့်ရှုခွင့်ရှိသင့်တယ်လို့ ယူဆတယ်’’ဟု ဦးစိုးမြင့်က ပြောသည်။  ၀န်ကြီးဌာနအနေဖြင့် ယင်းကိစ္စရပ်များအပေါ် အသေးစိတ် စီမံဆောင်ရွက်နိုင်ရန် ရုပ်မြင်သံ ကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင် ရာဥပဒေ ပြဋ္ဌာန်းပြီး နည်းဥပဒေရေးဆွဲမှုအပိုင်းလည်း နောက်ဆုံးအဆင့်သို့  ရောက်ရှိနေပြီဖြစ် ကြောင်း  မြန်မာ့အသံလွှင့်ဌာန ညွှန်ကြားရေးမှူး ဦးဇေယျာက ပြောသည်။

No comments:

Post a Comment