Thursday, June 20, 2019

ဘုရင့်နောင်ပွဲရုံဝန်းအတွင်း ယာဉ်ရပ်နားကွင်းနေရာ တို့ချဲ့ဆောက်လုပ်နေ

ဘုရင့်နောင်ပွဲရုံဝန်းအတွင်း ကုန်စည်သယ်ယူပို့ဆောင်သည့် ယာဉ်ရပ်နားကွင်းနေရာ ၂ ကွင်းမှ ၄ ကွင်းသို့ တို့ချဲ့ဆောက် လုပ်နေကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းမှ သိရသည်။ ဘုရင့်နောင်ပွဲရုံဝန်းရှိ ယာဉ်ရပ်နားဝန်းသို့ ကုန်စည်သယ်ယူပို့ဆောင်သည့်ယာဉ် တစ်နေ့လျှင် အစီးရေ ၁၅၀၀ ကျော်အဝင် အထွက်ရှိကာ ယာဉ်ကြောကြပ်တည်းမှု ပြဿနာဖြစ်ပေါ်လျက်ရှိသည့်အတွက် ပွဲရုံအနောက်ဘက်ရှိ ရွှေသံလွင်ကုမ္ပဏီ ပိုင်မြေ ၆ ဧကပေါ်တွင် ယာဉ်ရပ်နားကွင်း နေရာတိုးချဲ့ရန် ဆောင်ရွက်နေကြောင်း သိရသည်။



“ဒီဘက်မှာ ကားကြပ်တဲ့ ရောဂါရှိတယ်။ လမ်းတွေမှာ ကားတွေရပ်ထားရတယ်။ ကားတွေရပ်ထားဖို့ ရွှေသံလွင်ကို အကူအညီ တောင်းတော့ ရွှေသံလွင်က ကူညီပေးတာ။ ယာယီငှားထားပေးတာ။ စည်ပင်နဲ့ ပူးပေါင်းပြီး ကားရပ်နားခတော့ ပေးရတယ်” ဟု ဦးကျင်သိန်းက အကုန်သိသတင်းဌာနသို့ ပြောသည်။

ယခင် ယာဉ်ရပ်နားကွင်း ၂ ကွင်းတွင် ၁၂ ဘီးကား အစီးရေ ၄၀၀ ဝန်းကျင်သာ ရပ်နားနိုင်ပြီး ယခုအခါ ယာဉ်ရပ်နားကွင်း ၄ကွင်း တိုးချဲ့လိုက်သည့်အတွက် ၁၂ ဘီးကား အစီးရေ ၅၀၀ ကျော်အထိ ရပ်နားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့တွင်း ယာဉ်ကြောကြပ်တည်းမှု မရှိရန် ပြည်၊ မုံရွာ၊ မော်လမြိုင်၊ ဟသာင်္တ စသော အခြားမြို့များတွင် ကုန်စည်သယ်ယူပို့ ဆောင်ယာဉ် ရပ်နားစခန်းများကို မြို့ပြင်သို့ ပြောင်းရွေ့ထားပြီဖြစ်ပြီး ရန်ကုန်မြို့တွင်လည်း ယင်းကဲ့သို့ ပြောင်းရွှေ့ရန် သက် ဆိုင်ရာသို့ တင်ပြထားသော်လည်း မြေနေရာရရှိခြင်း မရှိသေးကြောင်း ဘုရင့်နောင်ပွဲရုံမှ သိရသည်။

မြန်မာနိုင်ငံနေရာအနှံ့အပြားမှ ထွက်ရှိနေသည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပဲ၊ နှမ်း၊ ပြောင်း၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရေ စသည့် စားသောက်ကုန်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ စိုက်ပျိုးရေးထွက် ကုန်ပစ္စည်းများ၊ လယ်ယာထွက်ကုန်ပစ္စည်းများသည် ဘုရင့်နောင်ပွဲရုံသို့ နေ့စဉ်ဝင်ရောက်နေသည်။

အဆိုပါ ကုန်ပစ္စည်းများ တင်သွင်းရန်၊ ဝယ်ယူရန်အတွက် ဘုရင့်နောင်ပွဲရုံဝန်းသို့ ၁၂ ဘီး၊ ၁၄ ဘီး ကုန်တင်ကားကြီးများ၊ ခေါက် တိုကားငယ်များ၊ အဝေးပြေးကုန်စည်ပို့ဆောင်သည့် ကားကြီးများ၊ ကုန်ပစ္စည်း ၀ယ်ယူသည့် ကားငယ်များ၊ ပွဲရုံပိုင်ရှင်ကားများ စသဖြင့် တစ်ရက်လျှင် ကားအစီးရေ လေးထောင်ကျော် အဝင်အထွက် ရှိနေကြောင်း ဘုရင့်နောင်ပွဲရုံ သာယာရေးအဖွဲ့မှ သိရသည်။

No comments:

Post a Comment