Thursday, June 20, 2019

မောတောင်မြို့တွင် အပူဇော်ခံမည့် ဒေ၀ ဒေ၀ ကျောက်ဆင်းတုဘုရားကြီးကို ပင့်ဆောင်

မြိတ်ခရိုင် မြန်မာ- ထိုင်းနယ်ဖြစ်သော မောတောင်မြို့ရှိ ဆလုံသာသနာပြု ဂျလန်းကျွန်းကျောင်းတိုက်တွင် အပူဇော်ခံမည့် ဒေ၀ ဒေ၀ ကျောက်ဆင်းတုဘုရားကြီးကို ဇွန်လ ၁၉ ရက်နေ့က မြိတ်မြို့မှ မောတောင်မြို့သို့ ပင့်ဆောင်ခဲ့သည်။ အဆိုပါ ဘုရားကြီးသည် ဥာဏ်တော် အမြင့် ၂၇ ပေရှိပြီး KMA Foundat ion ရန်ကုန်မှ လှူဒါန်းခြင်းဖြစ်ကြောင်း ဇွန်လဆန်းပိုင်းမှစတင်၍ မန္တာလေးမြို့မှ မြိတ်မြို့သို့ ပင့်ဆောင်ခဲ့ကာ မောတောင်မြို့သို့ ဆက်လက်ပင့်ဆောင် သွားကြောင်း သိရသည်။ ဘုရားကြီးကို မောတောင်မြို့ရှိ ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ ကျောင်းတိုက်တွင် တည်းထားကိုးကွယ်သွားမည်ဖြစ်ပြီး၊ ဘုရားသာသနာ အောင်ပွဲကြီးကို ၂၀၁၉ ခုနှစ်ကုန် ၂၀၂၀ ခုနှစ် နှစ်သစ်ကူးတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။

No comments:

Post a Comment