Thursday, June 20, 2019

တမူးမြို့ ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်းဒေသကြီး  တမူးမြို့မှ နေအိမ်ခြံဝင်းတစ်ခု အတွင်း ဇွန်လ ၁၈ ရက်ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ယင်းဖြစ် ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေသည်။  တမူးမြို့စော်ဘွားအင်း (၈/ က) ရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ် ခုအတွင်း  ဇွန်လ ၁၈ ရက်ည ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ သည်။  အိမ်အတွင်း အမျိုး သမီးနှစ်ဦးသာရှိနေချိန်ဖြစ်ပွားခဲ့ သည့် ပေါက်ကွဲမှုကြောင့် လူထိ ခိုက်မှုမရှိသော်လည်း နေအိမ် တံခါးနှင့် ခြံစည်းရိုးအနည်းငယ် ပျက်စီးခဲ့သည်။



‘‘ပေါက်ကွဲတာက ဗုံးလို့ယူ ဆထားတယ်။ တရားခံကို စုံစမ်း နေပါတယ်’’ ဟု တမူးမြို့မရဲစခန်း  မှူး ဒုတိယရဲမှူး ကျော်ဇော် အောင်ကပြောသည်။

ဇွန်လ ၁၈ ရက်ညက တမူး မြို့တွင် လျှပ်စစ်မီးပြတ်တောက် နေပြီး ပေါက်ကွဲမှုမဖြစ်ပွားမီ ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာ သည့် လူနှစ်ဦးက အထုပ်တစ် ထုပ် ပစ်သွားသည်ကို စီစီတီဗီ တွင် တွေ့ရသည်ဟု ဒေသခံအရပ်ဘက်အဖွဲ့များက ပြောသည်။ ပေါက်ကွဲမှု ပြင်းထန်ခဲ့သည့် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ကျူးလွန်သူကို စုံစမ်းဖော်ထုတ်ရန်တောင်းဆိုထားသည်။

ပေါက်ကွဲသည့် နေအိမ်နှင့်  တစ်အိမ်ကျော်တွင် နေထိုင် သော ဒေသခံဒေါ်ဥမ္မာက ‘‘မီး ပြတ်ပေမယ့်ဆိုလာချိတ်ထားလို့ စီစီတီဗီမြင်ကွင်း ရှင်းတယ်လို့  သတင်းရထားပါတယ်။ အဲဒီဗုံး အထုပ်ကို ပစ်ချထားခဲ့တဲ့ ဆိုင် ကယ်တစ်စီးနဲ့ ဘောင်းဘီတိုဝတ် တရားခံနှစ်ဦးကို ရအောင်ဖမ်း ပေးပါ’’ ဟု ပြောသည်။  အိန္ဒိယနိုင်ငံ နယ်စပ်နှင့် နီးသော တမူးမြို့တွင် ဒေသတွင်း တရားမ၀င်လက်နက်ကိုင်အဖွဲ့ အချို့နှင့် ဆက်စပ်ပြီးပေါက်ကွဲ မှုများဖြစ်လေ့ရှိသည်။ တရားခံ ကိုမူ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိ သည်ကများသည်။

No comments:

Post a Comment