Thursday, June 20, 2019

တရုတ်တောင်ပိုင်းတွင် မိုးသည်းထန်ပြီး ရေကြီးမြေပြို၊ ၁၀ ဦးထက်မနည်း သေဆုံး

Image may contain: outdoor and natureတရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မိုးသည်းထန်ပြီး ရေကြီး မြေပြိုခဲ့တဲ့အတွက် ဇွန်လ ၁၉ ရက်နေ့က လူဆယ်ယောက်ထက်မနည်း သေဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။ မိုးကြောင့် လင်ယွမ်မြို့နယ်မှာ တနင်္ဂနွေနှောင်းပိုင်းက မြေပြိုပြီး လူနှစ်ယောက် သေဆုံးပါတယ်။ လင်ယွမ်နဲ့ ဘိုင်ဆယ် မြို့နှစ်မြို့ကို ဆက်ထားတဲ့ လမ်းပိုင်းမှာ တောင်ကျရေကြောင့် ကား ၆ စီး ရေစီးနဲ့ မျောပါသွားပြီး ကယ်ဆယ်ရေးသမားတွေက အလောင်း ၈ လောင်း ဆယ်ယူရရှိခဲ့ပါတယ်။ အခုလို ဖြစ်နေတာတွေကြောင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကို တနင်္ဂနွေနေ့က ဖွဲ့စည်းဆောင်ရွက်နေသလို ရဲအရာရှိ အယောက် ၃၀၀၊ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေကို ရေဘေးသင့်ဒေသဆီ စေလွှတ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

No comments:

Post a Comment