Thursday, June 20, 2019

မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့် ၀န်ကြီးတစ်ဦးကို အဂတိကော်မရှင်သို့ တိုင်ကြား

 မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့် မွန်ဝန်ကြီးတစ်ဦးကို ပြည်သူ ကိုးဦးက ဇွန်လ ၁၈ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့   တိုင်ကြားခဲ့သည်။  မွန်ပြည်နယ် ၀န် ကြီးချုပ်နှင့်ဝန်ကြီးတစ်ဦးသည် တင်ဒါလုပ် ထုံးလုပ်နည်းများ၊ ငွေရေး ကြေးရေးလုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီဘဲ လုပ်ကိုင်သည့်အ ပေါ် အဂတိတိုက်ဖျက်ရေးဥပဒေ နှင့် ငြိစွန်းမှုရှိ၊ မရှိ ဥပဒေနှင့်အ ညီ စုံစမ်းစစ်ဆေးပေးရန် တိုင် ကြားခြင်းဖြစ်ကြောင်း တိုင်ကြားခဲ့သူ ရေးတော်ဝင် သတင်းလွှာအယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်း က ပြောသည်။



ရေးမြို့နယ်ရှိ အောင်သပြေ   -နှစ်ကရင်ကျေးရွာချင်းဆက် လမ်းပိုင်းသည် လေးမိုင် သုံး ဖာလုံရှိပြီး တစ်မိုင် လေးဖာလုံ၌ ကွန်ကရစ်လမ်းခင်းခြင်းကို ၂၀၁၈ မီနီဘတ်ဂျက်ကျပ် သန်းတစ်ထောင်ဖြင့် ခွင့်ပြုချက်ရထားသော်လည်း ထိုလမ်းကို ပြည်နယ်ဝန်ကြီးချုပ် က တင်ဒါမခေါ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်မိန့်ဖြင့် ခွင့်ပြုထားကြောင်း မွန်လွှတ်တော်တွင် ဖြေကြားခြင်း ဖြစ်သည်။

ထိုဒေသတွင် လျှပ်စစ်ဓာတ် အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ် ငန်းဆောင်ရွက်နေသည့် SME ကုမ္ပဏီက အဆိုပါလမ်းကို လုပ် ပိုင်ခွင့်ရရှိခဲ့သည်။

‘‘အစိုးရနဲ့ လွှတ်တော်ဒီမို ကရေစီစနစ်ရဲ့ အပြန်အလှန် ထိန်းကျောင်းခြင်းကို ဖြစ်စေချင် တယ်။ အစိုးရခေတ်အဆက်ဆက် မှာ သာမန်ပြည်သူတွေက မပြော ရဲ၊ မဆိုရဲပုံစံနဲ့ ရင်ဆိုင်လာရတယ်။ အခုဒီမိုကရေစီစနစ်ကို သွားနေ တယ်။ ဒီမိုကရေစီစနစ်ရဲ့ အနှစ် သာရစံနှုန်းတွေနဲ့၊ အစိုးရနဲ့ လွှတ် တော်ထိန်းကျောင်းခြင်းကို ဖြစ်စေချင်လို့ ရည်ရွယ်ပြီး တိုင်လိုက်တယ်။ နိုင်ငံတော်ဘဏ္ဍာကို ဥပဒေနဲ့အ ညီ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီ ဘဲ ဥပဒေကိုချိုးဖောက်ရာ ရောက်တယ်’’ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

ယခုတိုင်ကြားသည့် မွန် ပြည်သူ ကိုးဦး၏ နောက်ကွယ် တွင် ကိုယ်စားပြုသည့်အဖွဲ့များရှိ ပြီးမည်သူက မည်သည့်အဖွဲ့အ စည်းဟု ထုတ်ပြောရန် မလိုအပ် သေးကြောင်း၊ လိုအပ်ပါက  သတင်းစာရှင်းလင်းပွဲ  ပြုလုပ်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

ယင်းသို့ တိုင်ကြားမှုနှင့်ပတ်သက်၍ ၀န်ကြီးချုပ်ဒေါက်တာ အေးဇံထံ ဖုန်းဖြင့် ဆက်သွယ်မေး မြန်းရာ ‘‘ဘယ်သူက တိုင်လဲ၊ ဘယ်ကလဲ’’ဟု ပြောဆိုပြီး ဖုန်းချခဲ့သည်။ထပ်မံခေါ်ဆိုသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦး က ‘‘မရှင်းလင်း၊ မပြတ်သားသေး တဲ့ ကိစ္စကိုရှင်းလင်းပြတ်သားချင် လို့ သူတို့တိုင်တဲ့သဘော ဖြစ်မယ်။ ဖြေရှင်းပေးဖို့အတွက် တိုင် တဲ့သဘောဖြစ်မယ်။ တိုင်တာ ထက်ကို သူ့တို့က ရှင်းလင်းပြတ် သားချက်ရစေချင်လို့လို့ ကျွန်တော် မြင်တယ်။ ၀န်ကြီးချုပ်ကို တိုင်တဲ့ ကိစ္စလိုင်းပေါ်မှာ မနေ့ကတွေ့ပါ တယ်။ ဘယ်သူတွေတိုင်လဲဆို တာ မသိသေးဘူး’’ဟု ပြောသည်။

ဒေါက်တာအောင်နိုင်ဦး သည် ထိုလမ်းကိစ္စတင်ဒါ မခေါ် ခြင်းနှင့်ပတ်သက်၍ လွှတ်တော် တွင်မေးမြန်းခဲ့သည်။ မွန်ပြည်နယ် စည်ပင်သာ ယာရေးနှင့် ဆောက်လုပ်ရေးဝန် ကြီးဦးမင်းကျော်လွင်သည် မော်လမြိုင်မြို့နှင့် ကျိုက်မရောမြို့ရှိ ဈေးများကို တင်ဒါခေါ်ခြင်း၊ ဈေးသူ၊ ဈေးသားများကို အသိမပေးဘဲ ဈေးအဆင့်မြှင့်တင်သည့် ကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ်ရှိ ပြည်သူများက ဝေဖန်ခဲ့သည်။

No comments:

Post a Comment