Thursday, June 20, 2019

အန်တိုနီယာ ပါဝင်ထိုးသတ်မည့် မလေးရှား MMA တွဲဆိုင်းများထွက်ပေါ်

ကယန်းတိုင်းရင်းသူ  အန်တိုနီယာ ပါဝင်ထိုးသတ်မည့်  မလေးရှား MMA တွဲဆိုင်းများကို One Championship က ထုတ် ပြန်သည်။ ‘Masters of Denstiny’ အ မည်ဖြင့်ပြုလုပ်မည့် အဆိုပါ One Champioship MMA ပြိုင်ပွဲကို ဇူလိုင် ၁၂ ရက်တွင် မလေးရှား နိုင်ငံ Axiata Arena ၌ ကျင်းပ မည်ဖြစ်သည်။  ပြိုင်ပွဲတွင်တွဲဆိုင်း ၁၅ဆိုင်း ပါဝင်မည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် အီတလီနိုင်ငံသား ဂျော်ဂျီယိုနှင့် ထိုင်းနိုင်ငံသား  ပီချက်မိုယာကော့တို့ ဖယ်သာဝိတ် ကမ္ဘာ့ကစ်ဘောင်ဆင်ပွဲ ထိုးသတ်မည်ဖြစ်သည်။



ယင်းပြိုင်ပွဲ၏ စတောဝိတ် တန်း အမျိုးသမီးပွဲစဉ်တွင် မြန်မာ နိုင်ငံကိုယ်စားပြု ကယန်းတိုင်း ရင်းသူ အန်တိုနီယာနှင့် ဗီယက် နမ်နိုင်ငံသူ ဘီငုရမ်တို့ ထိုးသတ် မည်ဖြစ်သည်။

ပြိုင်ပွဲရက် နီးကပ်လာပြီဖြစ် သဖြင့်  အလွန်စိတ်လှုပ်ရှားနေ ကြောင်း ကယန်းတိုင်းရင်းသူ အန်တိုနီယာက One Championship အား ပြောသည်။

‘‘ဘာလိုလိုနဲ့ ရက်တွေက ပြိုင်ပွဲကျင်းပဖို့ နီးကပ်လာပါပြီ။ သိပ်မလိုတော့ပါဘူး။ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ပွဲအ တွက်လည်း အကောင်းဆုံးကြိုး စားနေပါတယ်။ MMA အားက စားမှာ အာလုံးကို အမြဲအနိုင်ရတဲ့ စံချိန်ကိုလိုချင်ပါတယ်။ ဒီရလဒ် တွေအားလုံးကလည်း ကျွန်မရဲ့ နိုင်ငံအတွက် ရည်ရွယ်ပါတယ်’’ ဟု အန်တိုနီယာက ပြောသည်။

အန်တိုနီယာသည် ယခုနှစ် မတ်လ ၈ ရက်က ရန်ကုန်မြို့တွင် ယှဉ်ပြိုင်သည့် ၎င်း၏နောက်ဆုံးပွဲ စဉ်၌ မလေးရှားနိုင်ငံသူ ဘိုနီဖေ့စ် ကို ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

အသက် (၂၃) နှစ်အရွယ် အန်တိုနီယာသည် MMA ပြိုင်ပွဲ တစ်လျှောက် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး နိမ့်ထားပြီး လာမည့်ပွဲစဉ်သည် ၎င်းအတွက် စတုတ္ထအကြိမ် မြောက် MMA ပြိုင်ပွဲဖြစ်သည်။ အန်တိုနီယာနှင့် ထိုးသတ် မည့် (၂၉) နှစ်အရွယ် ဗီယက်နမ်နိုင်ငံသူ ဘီငုရမ်သည် MMA ပြိုင်ပွဲတစ်လျှောက် ရှစ်ပွဲထိုးသတ်ထားပြီး ငါးပွဲနိုင်၊ သုံးပွဲ ရှုံးနိမ့်ထားသည်။

No comments:

Post a Comment