Thursday, June 20, 2019

ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်ကို ဒေါ်အောင်ဆန်းစုကြည်လက်ခံတွေ့ဆုံ

 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဗီယက်နမ်ဒုတိယဝန်ကြီး ချုပ် မစ္စတာဗောင်းဒင်ဟွေ့ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ကို ဇွန်လ ၁၇ ရက်တွင် နေပြည် တော်ရှိ သမ္မတအိမ်တော် ဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။ တွေ့ဆုံစဉ် မြန်မာ-ဗီယက် နမ်အကြား ဆက်ဆံရေး၊ ကုန် သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ရေးတို့ ဆွေးနွေးခဲ့ကြောင်း အတိုင် ပင်ခံရုံးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။


‘‘အဓိကကတော့ ကုန်သွယ် ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာပဲ ဆွေးနွေးကြတာ များပါတယ်’’ဟု နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေး ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောသည်။

ဗီယက်နမ်ဒုတိယဝန်ကြီး ချုပ်သည် ပေါ်လစ်ဗျူရိုကော်မတီ အဖွဲ့ဝင်ဖြစ်ပြီး ယမန်နေ့တွင် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေကိုလည်း သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြန်မာ-ဗီ ယက်နမ်နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရေးကိစ္စရပ်များ၊ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ကိစ္စရပ်များ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ဆောက် လုပ်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ဘဏ်လုပ် ငန်းကဏ္ဍ၊ လုံခြုံရေးကဏ္ဍအပါ အဝင် ကဏ္ဍပေါင်းစုံတွင် နှစ်ဖက် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး ခဲ့သည်ဟု သမ္မတရုံးက ထုတ်ပြန် သည်။

မြန်မာနှင့် ဗီယက်နမ်တို့ သည် ၂၀၁၇ ကတည်းက ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် နိုင်ငံများအဖြစ် (Comprehen-sive Cooperation Partnership) ဖွဲ့စည်းထူထောင်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာ ရေး၊ ယဉ်ကျေးမှု စသည့်ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက် နေကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ရှင်းပြသည်။

မြန်မာ-ဗီယက်နမ်အကြား ကုန်သွယ်မှုပမာဏနှင့် ရင်းနှီးမြှုပ် နှံမှု တဖြည်းဖြည်းမြှင့်တင်လာပြီး လာမည့်ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ အကြား ကုန်သွယ်မှု ဒေါ်လာတစ် ဘီလီယံအဖြစ် ရှိလာရန် ခန့်မှန်း ထားသည်။

ဗီယက်နမ်နိုင်ငံသည် မြန်မာ နိုင်ငံသို့ စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှု အဆင့်(၇)နေရာ တွင် ရပ်တည်နေသည်။ ဗီယက်နမ်ဒုတိယဝန်ကြီး ချုပ်နှင့် ပေါ်လစ်ဗျူရိုကော်မတီ အဖွဲ့ဝင် မစ္စတာဗောင်းဒင်ဟွေ့ သည် ယမန်နေ့တွင် ရန်ကုန်မြို့ရှိ ဗီယက်နမ်လူမှုအသိုင်းအ၀ိုင်းနှင့် တွေ့ဆုံပြီး ဟနွိုင်းမြို့သို့ ပြန်လည် ထွက်ခွာခဲ့သည်။

No comments:

Post a Comment