Thursday, June 20, 2019

ရွှေဘိုအကျဉ်းထောင်သို့ လူ့အခွင့်အရေးကော်မရှင်သွားရောက်စစ်ဆေး

ထောင်ဆူမှုဖြစ်ပွားပြီး ထိန်းသိမ်းစဉ် လူလေးဦးသေဆုံး သည့် ရွှေဘိုအကျဉ်းထောင်သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေ ဘိုမြို့ရှိ ရွှေဘိုအကျဉ်းထောင်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်တာဝန်ရှိသူများ  က ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက် တွင် စစ်ဆေးခဲ့သည်။ ‘‘အကျဉ်းသားတွေကို သူတို့ ပြောချင်တာတွေ ပြောခွင့်ပေးခဲ့ တယ်။ အဲဒီကနေ အချက်အလက် တွေ ရယူခဲ့တယ်’’ဟု  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။



စစ်ဆေးမှုအရ ရွှေဘိုအကျဉ်းထောင်အတွင်း ထူးခြားမှု မရှိဘဲ အကျဉ်းသားများ စနစ်တကျ နေထိုင်သည်ကို တွေ့ရသည် ဟု ဦးယုလွင်အောင်က ဆိုသည်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က ရွှေဘိုအကျဉ်းထောင်ရှိ အကျဉ်းသားများ နှင့် ဝန်ထမ်းများကို စစ်ဆေးမေးမြန်းခဲ့သည်။ နိုင်ငံတော်သမ္မတက မေလ ၇ ရက်တွင် အကျဉ်းသား ၆,၅၂၀ ဦး လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ ယင်းလွတ်ငြိမ်းခွင့်သည် တရား မမျှတဟုဆိုကာ ဘားအံနှင့် ရွှေဘို ထောင်အပါအဝင် အကျဉ်းထောင် ခုနစ်ခုတွင် ထောင်ဆူမှုဖြစ်ခဲ့ သည်။ မေလ ၈ ရက်က ဖြစ်ပွား သည့် ရွှေဘိုအကျဉ်းထောင် ဆူပူ မှု၌ အကျဉ်းသားအချို့က အကျဉ်း ထောင်အတွင်း ဖြစ်ရပ်များကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် Live လွှင့်ခဲ့သည်။ ဆူပူမှုကို ထိန်းသိမ်း စဉ် အကျဉ်းသားလေးဦး သေနတ် ကျည်ထိမှန်သေဆုံးခဲ့သည်။ အကျဉ်းထောင်ဆူပူမှု၌ ပါဝင်သည့် အကျဉ်းသားသုံးဦးနှင့် စည်းကမ်း ဖောက်ဖျက်သည့် ဝန်ထမ်းတစ်ဦး ကို တရားရုံးက ထောင်ဒဏ် ခြောက်လစီ ပြစ်ဒဏ်ချမှတ်ခဲ့ သည်။

No comments:

Post a Comment