Thursday, June 20, 2019

မလေးရှားတွင် အရက်တုသောက်၍ မြန်မာလုပ်သားနှစ်ဦး ထပ်သေ တစ်ဦး မျက်စိကွယ်

မလေးရှားနိုင်ငံတွင် အ ရက်အတုသောက်၍ မြန်မာလုပ် သားနှစ်ဦး ထပ်မံသေဆုံးပြီး တစ် ပတ်အတွင်း မြန်မာလုပ်သား ခြောက်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ သည်။ ထို့အပြင် အရက်အတု သောက်၍ ဆေးကုသမှုခံယူနေသူ ခြောက်ဦးအနက် တစ်ဦး မျက်စိ ကွယ်ခဲ့ကြောင်း မလေးရှားအခြေစိုက် ကပ်ပုန်းခုနစ်ရက်သား သမီး နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောသည်။ မလေးရှားနိုင်ငံ ဂျိုဟိုးပြည် နယ်တွင် အလုပ်လုပ်ကိုင်နေ သော မြန်မာလုပ်သားတစ်ဦး အရက်အတုသောက်၍ ဇွန်လ ၁၇ ရက်တွင် သေဆုံးခဲ့သည်။



ယင်းနေ့တွင်ပင် ဆရင်ဗန်းပြည်နယ်၌ အလုပ်လုပ်ကိုင်နေ သော မြန်မာလုပ်သားတစ်ဦး လည်း အရက်အတုသောက်၍  သေဆုံးခဲ့သည်။

ဇွန်လ ၁၁ ရက်ကလည်း ပီနန်မြို့တွင် အလုပ်လုပ်ကိုင်နေ သော မြန်မာလုပ်သားသုံးဦးနှင့် ကွာလာလမ်ပူမြို့၌   အလုပ် လုပ်ကိုင်နေသော မြန်မာလုပ် သားတစ်ဦး စုစုပေါင်း မြန်မာလုပ် သားလေးဦး အရက်အတု သောက်၍ တစ်နေ့တည်း သေဆုံး မှု ဖြစ်ပွားခဲ့သည်။

ပီနန်မြို့ ဖြစ်စဉ်တွင် အရက်အတုသောက်၍ အခြားနိုင်ငံခြား သား လုပ်သားနှစ်ဦးလည်း သေ ဆုံးခဲ့သည်။ ထို့ကြောင့် မလေး ရှားရဲတပ်ဖွဲ့က ဇွန်လ ၁၇ ရက် တွင် အရက်အတုရောင်းချသည့် ဆိုင်များကို ရှာဖွေစစ်ဆေးခဲ့ သည်။

‘‘ထုံးစံအတိုင်းပဲ အရက်ပြင်း တွေ သောက်တယ်။ သွေးအန် တယ်။ ခံနိုင်ရည်ရှိတဲ့သူက မသေ ဘူး။ မျက်စိကွယ်တာတွေဖြစ် တယ်။ ခံနိုင်ရည်မရှိတဲ့သူက သေ တယ်။ အခု နောက်ဆုံးသေတဲ့ နှစ်ယောက်က ဒီနေ့ (ဇွန်လ ၁၈ ရက်)မှ သတင်းရတာ’’ဟု ဦးစန်း ဝင်းက ပြောသည်။

မလေးရှားနိုင်ငံတွင် ပြီးခဲ့ သည့် ဧပြီနှင့် မေလအတွင်းက လည်း ဘီယာအတုများသောက် ၍ မြန်မာလုပ်သားခုနစ်ဦး သေ ဆုံးခဲ့သည်။ မြန်မာလုပ်သားများ က KING PRIESTS နှင့် MAR-TNES အမှတ်တံဆိပ်များပါ ဘီယာအတုများ သောက်မိ၍ သွေးအန်သေဆုံးခြင်းဖြစ်သည်။

မလေးရှားရောက် မြန်မာ လုပ်သားများ အရက်၊ ဘီယာများ မသောက်ရန်နှင့် အကယ်၍ သောက်သုံးပါက လိုင်စင်ရ အ မှတ်တံဆိပ်ပါ အရက်၊ ဘီယာ များသာ သောက်သုံးရန် မြန်မာ အဖွဲ့အစည်းများက သတိပေး ထားသည်။ မလေးရှားနိုင်ငံတွင် ၂၀၁၈ စက်တင်ဘာကလည်း အရက် အတုသောက်၍ မြန်မာလုပ်သား ၁၇ ဦးအပါအဝင် စုစုပေါင်း ၃၀ ဦး သေဆုံးခဲ့သည်။ ထို့အပြင် အ ရက်အတုသောက်၍ မြန်မာလုပ် သား ဆယ်ဂဏန်းခန့် ဆေးကုသမှု ခံယူရပြီး ၎င်းတို့အနက် နှစ်ဦး မျက်စိကွယ်ခဲ့သည်။

No comments:

Post a Comment