Thursday, June 20, 2019

ပြည်သူ့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့လက်ဆောင်

 ကုန်လွန်ခဲ့သည့် နှစ်အတွင်း တစ်ပါးသူအတွက် တန်ဖိုးရှိသောကိစ္စများ မည်မျှ ဆောင်ရွက်နိုင်ခဲ့သည်ကို သုံးသပ် ၍ လာမည့်နှစ်တွင် ပိုမိုဆောင် ရွက်နိုင်ရေး သန္နိဋ္ဌာန်ချမှတ် လုပ် ဆောင်စေလိုကြောင်း   ယမန် နေ့၌ အသက် (၇၄)နှစ်ပြည့်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား တိုက်တွန်းသည်။ ‘‘ဒါ အမေ့မွေးနေ့လက် ဆောင်’’ဟု နေပြည်တော် ပြည် ထောင်စုလွှတ်တော်ဝင်းအတွင်း ရှိ I-12 အဆောက်အအုံတွင် ဇွန် လ ၁၇ ရက်၌ ပြုလုပ်သော မွေးနေ့ပွဲတွင် ၎င်းကပြောကြား ဖြစ်သည်။



‘‘ပြည်သူတွေကို ပြောချင် တာကတော့ မွေးနေ့ဆိုတာက တစ်နှစ်ကြီးသွားပြီပေါ့နော်။ တစ် နှစ်၊ တစ်နှစ်က ရွေ့လျားသွားပြီ၊ အဲဒီတော့ တစ်နှစ်၊ တစ်နှစ် ရွေ့ လျားတဲ့အချိန်မှာ ပြည်သူတိုင်း၊ ပြည်သူတိုင်းကနေပြီးတော့ တစ်နှစ်အတွင်းမှာ ကိုယ်ဘာတန်ဖိုးရှိတဲ့ဟာတွေ လုပ်ခဲ့ဆိုတာ ပြန်ပြီးတော့  သုံးသပ်စေချင်တယ်။ တန်ဖိုးရှိတယ်ဆိုတာဟာ ကိုယ့်အတွက်လည်း မဟုတ်ဘူးပေါ့နော်။ တခြားသူတွေအတွက်ပါ၊ အဲဒါလေး သုံးသပ်ပြီး နောက်နှစ်မှာ ဒီနှစ်အတွက် ပိုပြီးတော့ တန်ဖိုးရှိ အောင်၊ ကိစ္စတွေဖြစ်အောင်၊ ပြီးမြောက်အောင် လုပ်မယ်ဆိုပြီး သန္နိဋ္ဌာန်ချပြီးတော့ လုပ်ပေးစေ ချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

အဆိုပါ မွေးနေ့ပွဲသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်ပြီး ‘‘နိုင်ငံ့အကျိုး၊ ပြည်သူ့လူထုအကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ပါစေလို့ ဆု တောင်းပါတယ်’’ဟု သတင်းထောက်များအား ပြောသည်။

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးထင်ကျော်လည်း တက်ရောက် ပြီး ကျန်းကျန်းမာမာဖြင့် တိုင်း ပြည်အကျိုး၊ အများအကျိုးသယ် ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်းကို ဒေါ်အောင်ဆန်းစုကြည်အ တွက် အမြဲပို့သပေးနေသည်ဟု ပြောသည်။

‘‘တိုင်းပြည်အတွက်ကို တကယ်နေ့မအား၊ ညမအား တကယ်စိတ်ရင်းစေတနာအပြည့် နဲ့ ကိုယ်ကျိုးမပါဘဲ ဆောင်ရွက် နေတဲ့ အစ်မကြီးပေါ့နော်။ အများ အတွက် အမေဆိုလည်း ဟုတ် တယ်။ အစ်မလည်း ဟုတ်တယ်။ အဲဒီလိုပုဂ္ဂိုလ် အသက်(၇၄)နှစ် ရောက်လာပြီ။ ကျန်းကျန်းမာမာ နဲ့ ခုထက်ထိကို တိုင်းပြည်အ တွက် လုပ်ပေးနိုင်သေးတယ်။ လုပ်နေဆဲ။ နောက်လည်း လုပ်ဦး မယ်လို့ ယုံကြည်ပါတယ်’’ဟု ၎င်းကပြောသည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ဒေါ်အောင် ဆန်းစုကြည်၏ ကျန်းမာရေးသည် နိုင်ငံတော်၏ ရှေ့ရေးနှင့် ထပ်တူကျသဖြင့် ယခုထက်ပို၍ ကျန်းကျန်းမာမာ ရှိစေလိုကြောင်း ဆု တောင်းသည်။

‘‘ကျွန်မတို့အနေနဲ့ကတော့ ကိုယ့်ခေါင်းဆောင်ကို ယုံယုံ ကြည်ကြည်နဲ့ပေါ့။ အားလုံးက လည်း စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်နဲ့ ကျွန်မတို့ မျှော်မှန်း တဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက် ဖို့ရာအတွက်က ဒီခေါင်းဆောင်ရဲ့ ဦးဆောင်မှုနောက်မှာပဲ ကျွန်မတို့ အတူတူ လိုက်ပါကြရမှာဖြစ်တဲ့အ တွက်ကြောင့်မို့လို့ ဒီမွေးနေ့ကနေ စပြီး  မေစုသက်တော်ရာကျော် ရှည်ဖို့ရာကို ဆုတောင်းပေးပါ တယ်’’ဟု ၎င်းကပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (၇၄)နှစ်ပြည့်မွေးနေ့ပွဲသို့ သမ္မတ ဦးဝင်းမြင့်နှင့် သမ္မတ(ငြိမ်း)ဦးထင်ကျော်၊ ဒုတိယသမ္မတဦးဟင်နရီ ဗန်ထီးယူနှင့်ဇနီး၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌဒေါက်တာ မျိုးအောင်နှင့် ဇနီး၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် သည်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဝန်ထမ်းများကို စား သောက်ဖွယ်ရာများ ဝေငှပြီး ငြိမ်းချမ်းရေးသင်္ကေတ ချိုးဖြူငှက် ရှစ်ကောင်ကို လွှတ်ခဲ့သည်။

No comments:

Post a Comment