Thursday, June 20, 2019

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အိမ်သုံးဖိုက်ဘာအင်တာနက် ၀န်ဆောင်မှုကို မြန်နှုန်းနှစ်ဆတိုးမြှင့်

၂၀၁၇ က စတင်ရောင်း ချခဲ့သည့် အိမ်သုံးဖိုက်ဘာအင် တာနက်ဝန်ဆောင်မှုကို ဇွန်လ ၁၇ ရက်ကစတင်ကာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မြန် နှုန်းနှစ်ဆတိုးမြှင့်ခဲ့သည်။ ယင်းသို့ တိုးမြှင့်ရာတွင် အင်တာနက်အမြန်နှုန်း 10 Mbps ကို 20 Mbps အဖြစ်လည်း ကောင်း၊ 25 Mbps ကို 50 Mbps အဖြစ်လည်းကောင်း၊ 50 Mbps ကို 100 Mbps အမြန်နှုန်းအဖြစ် လည်းကောင်း တိုးမြှင့်ခဲ့သည်။



မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် ၎င်း၏ဖိုက်ဘာအင်တာ နက်အသုံးပြုသူများကို အမြန်နှုန်း နှစ်ဆတိုးမြှင့်ပေးမည်ဖြစ်သော် လည်း လစဉ်ကြေးနှုန်းထားတိုး မြှင့်ခြင်းမရှိဘဲ ယခင်အတိုင်း ကောက်ခံမည်ဟု ထုတ်ပြန်သည်။

အိမ်သုံးဖိုက်ဘာအင်တာ နက်ဝန်ဆောင်မှုကို ‘ဒုံးပျံ’ဟုအ မည်ပေးထားကြောင်း၊ လူမှုဆက် သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်း များအတွက် အင်တာနက်အမြန် နှုန်းသည် အရေးပါသဖြင့် ၀န် ဆောင်မှုအသစ်ကို မိတ်ဆက်ရ ခြင်းဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေး Chief Commerical Officer Mr. Reizo Umeda က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စတင်ရောင်းချသည့်အိမ်သုံးဖိုက် ဘာအင်တာနက်လိုင်းကို ၂ နှစ် ခန့်အတွင်း မန္တလေး၊ မုံရွာ၊ ပုသိမ်၊ တောင်ကြီး၊ မော်လမြိုင် အစရှိသည့်မြို့ကြီးများနှင့် မြို့ နယ် ၂၇ ခုသို့ တိုးချဲ့ချိတ်ဆက် နိုင်ခဲ့ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ထုတ်ပြန်သည်။ လစဉ်ကြေးအနေဖြင့် ယခင် သတ်မှတ်နှုန်းထားအတိုင်း 20 Mbps အတွက် ကျပ် ၃၉,၀၀၀၊ 50 Mbps အတွက် ကျပ် ၆၉,၀၀၀ နှင့် 100 Mbps အ တွက် ကျပ် ၁၀၉,၀၀၀ ကောက်ခံ သည်။ ဒုံးပျံအိမ်သုံးဖိုက်ဘာအင် တာနက်လိုင်း၏ အမြန်နှုန်းသည် အာမခံစနစ်ပါဝင်သော စီးပွား ရေးလုပ်ငန်းဖိုက်ဘာအင်တာ နက်လိုင်း မဟုတ်သဖြင့် အသုံးပြု သူအရေအတွက်ပေါ်မူတည်ကာ အနည်းငယ်ကျဆင်းမှုရှိနိုင်သည် ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဈေးကွက်ဌာန ပြောရေးဆိုခွင့်ရှိ သူ ဦးထွန်းအေးမောင်က ပြော သည်။

No comments:

Post a Comment