Thursday, June 20, 2019

ကလေးစစ်သားဟောင်းအောင်ကိုထွေး ပြစ်ဒဏ်စေ့ခါနီးတွင် တရားသေလွှတ်ဖူးသည့်အမှုဟောင်းဖြင့် အရေးယူပေးရန် အယူခံထပ်တင်

ကလေးစစ်သား ဟောင်းအောင်ကိုထွေးကို နိုင်ငံ တော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ ဖြင့် ဗိုလ်တထောင် မြို့နယ်တရားရုံးက ပြီးခဲ့သည့် အောက်တိုဘာအတွင်း တရား သေလွှတ်ပေးခဲ့မှုဖြစ်စဉ်အပေါ် ပြစ်ဒဏ်တစ်ရပ်ရပ်ချမှတ်ပေးရန် ရန်ကုန်တိုင်းဥပဒေအရာရှိက အ ယူခံတင်သွင်းခဲ့သည်။ ကလေးစစ်သားဘ၀ အ တွေ့အကြုံများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည့် အောင်ကိုထွေး သည် နိုင်ငံတော်အကြည်ညိုပျက် စေမှုနှင့် တရားရုံးမထီမဲ့မြင်ပြုမှု များဖြင့် စုစုပေါင်းထောင်ဒဏ် ၂ နှစ်နှင့် ခြောက်လကျခံနေရပြီး မကြာမီ လွတ်မြောက်မည်ဖြစ် သည်။ ထိုအချိန်တွင် တရားသေ လွှတ်ပေးပြီးဖြစ်သည့် အမှု ဟောင်းအပေါ် ပြစ်ဒဏ်တစ် ရပ်ရပ်ချမှတ်ပေးရန် တိုင်းဒေသ ကြီးတရားလွှတ်တော်သို့ အထက် ပါအယူခံတင်ခြင်းဖြစ်သည်။



အဆိုပါ အယူခံနှင့်ပတ် သက်၍ အောင်ကိုထွေး၏ရှေ့နေ အဖြစ်လိုက်ပါဆောင်ရွက်ရန်စာ တင်ထားကြောင်း တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က ဇွန်လ ၁၉ ရက်တွင် ပြောသည်။

၎င်းက ‘‘အမှုထပ်တိုးတာ မဟုတ်ဘူး။ တရားသေလွှတ်တာ ကို ရန်ကုန်တိုင်းဒေသကြီးတရား လွှတ်တော်ကို ရန်ကုန်တိုင်းဒေသ ကြီးဥပဒေချုပ်ရုံးက တိုင်းဥပဒေ အရာရှိဦးအုန်းသန်းက ရာဇ၀တ် အယူခံမှုအမှတ် ၁၆၃/၂၀၁၉ နဲ့ အယူခံမှုဖွင့်လိုက်တာ’’ ဟု ပြော သည်။

ကလေး စစ်သားဟောင်း အောင်ကိုထွေးသည် တပ်မတော် အတွင်း ကလေးစစ်သားအဖြစ် စုဆောင်းခံရပုံ၊ တပ်တွင်းအကျဉ်း ထောင်တွင် နေခဲ့ရပုံတို့ကို RFA သတင်းဌာနသို့ ဖြေကြားခဲ့ခြင်း အတွက် တပ်မတော်၏ဂုဏ် သိက္ခာ ညှိုးနွမ်းစေသည်ဆိုကာ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး တွင် ဒုဗိုလ်မှူးကြီးမျိုးမြင့်အောင် က တရားလိုပြုလုပ်ကာ တရားစွဲ ဆိုခြင်းဖြစ်ပြီး ပြစ်ဒဏ်ကျခံနေ ရခြင်းဖြစ်သည်။

အထက်ပါအမှုများတွင် တ ရားရင်ဆိုင်ချိန်အတွင်း ဒဂုံဆိပ် ကမ်းမြို့နယ် တရားသူကြီးကို ‘နွားတရားသူကြီး’ဟု အော်ဟစ် ပြောဆိုမှုအတွက် တရားရုံးမထီ မဲ့မြင်မှုဖြင့် တရားစွဲဆိုခံရပြီး အ ခြေခံဥပဒေကဲ့သို့သောစာအုပ်ကို ခြေဖြင့်နင်းကာ ဆန္ဒပြခဲ့သည်ဆို ကာ နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေပုဒ်မ ၇ ဖြင့် ထပ်မံ တရားစွဲဆိုခံခဲ့ရသည်။ သို့သော် ဗိုလ်တထောင်မြို့နယ်တရားရုံး က စာအုပ်ကိုခြေဖြင့်နင်းဆန္ဒပြခဲ့ မှုကို တရားသေလွှတ်ပေးသဖြင့် တစ်ဆင့်မြင့်သည့်ရန်ကုန်တိုင်း တရားလွှတ်တော်သို့ အယူခံတင် သွင်းခံရခြင်းဖြစ်သည်။

တရားရင်ဆိုင်ရစဉ် အောင် ကိုထွေးလွတ်မြောက်ရန် လိုက်ပါ ကူညီဆောင်ရွက်ခဲ့သည့် အစ်မ ဖြစ်သူ မနေဇာထွန်းကိုလည်း နိုင် ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ဆူပူအောင်ဖန်တီး စေမှုပုဒ်မ ၁၅၃ တို့ဖြင့် ၀ရမ်း ထုတ်ခဲ့သည်။

ယမန်နေ့က ဒဂုံဆိပ်ကမ်း မြို့နယ်တရားရုံးရှေ့သို့ လာ ရောက်အဖမ်းခံခဲ့သည့်မနေဇာ ထွန်းက ‘‘၂၀၁၇ ရှစ်လပိုင်းက တည်းက တရားစွဲဆိုထားတယ်။ စွဲဆိုထားပြီးတော့ အထက်အမိန့် မရလို့ အခုအချိန်မှ ကျွန်မကို ထ ဖမ်းတယ်ဆိုတာ ဥပဒေရဲ့အ ထက်မှာ စစ်တပ်က လက်ဝါးကြီး အုပ်နေတယ်ဆိုတာ ပေါ်လွင်ပါ တယ်’’ ဟု ပြောသည်။ ကလေး စစ်သားဟောင်း အောင်ကိုထွေးကို လူ့အခွင့်အ ရေးချိုးဖောက်၍ မတရားတရားစွဲ ဆိုနေမှုများ ချက်ချင်းရပ်ပေးပါဟု ရေးသားထားသည့် စာရွက်ဖြူ ကိုင်ဆောင်သော မနေဇာထွန်းက ‘‘သမ္မတကြီးဦးဝင်းမြင့်ကို ကျွန်မ တို့ လူ့အခွင့်အရေးအပြည့်အ၀ ရရှိဖို့ တောင်းဆိုပါတယ်’’ ဟု ဆက်လက်ပြောသည်။

No comments:

Post a Comment