Thursday, June 20, 2019

ဂျပန်နှင့် ရင်ဆိုင်မည့်ပွဲ ဥရုဂွေးတွင် လူးဝစ်ဆွာရက်ဇ် မပါဝင်နိုင်

ကိုပါအမေရိက ပြိုင်ပွဲတွင် ဧည်သည့်အဖြစ်ပါဝင် ယှဉ်ပြိုင်နေသည့် ဂျပန်ကိုရင်ဆိုင် မည့် ဥရုဂွေးအသင်း၌ တိုက်စစ် မှူး လူးဝစ်ဆွာရက်ဇ်ပါဝင်နိုင်မည် မဟုတ်ကြောင်း ဥရုဂွေးအသင်း က ကြေညာသည်။ ကိုပါအမေရိကတွင် ဒုတိယ အကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်နေ သည့် ဂျပန်သည် ဗွေဆော်ဦးပွဲ၌ ချီလီကို ဂိုးပြတ်ရှုံးနိမ့်ထားပြီး နိုင် ပွဲမရဘဲ လှည့်ပြန်ရမည်ဟု ထင် ကြေးပေးခံရသော အသင်းဖြစ် သည်။ ဥရုဂွေးသည် ၎င်းတို့ ၂၀၁၁ နောက်ဆုံး ရရှိခဲ့သော ဖလားကို (၁၆) ကြိမ်မြောက်ရယူ ရန် ကြိုးပမ်းနေကာ အဖွင့်ပွဲတွင် အီကွေဒေါ ကို ၄-၀ ဂိုးဖြင့် ချေ မှုန်းပြီး ဖလားရရန် ရေပန်းစား သောအသင်းများ၌ ပါဝင်နေ သည်။



ဥရုဂွေးတွင် ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်အပြင်မော် ရီစီယိုလီမို့စ်နှင့် ဂျိုနသန်ဥရီတာ တို့လည်း ပါဝင်နိုင်မည်မဟုတ် ပေ။ ဥရုဂွေးတိုက်စစ်မှူးကာဗာနီ က မိမိတို့အနေဖြင့် လူငယ်ကစား သမားအများစုဖြင့် စုဖွဲ့ထားသည့် ဂျပန်အသင်းအပေါ် လေးစားမှု ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ဂိုးပြတ်နိုင်ရန် ကြိုးပမ်းမည်ဟု ကြုံးဝါးထားသည်။

ဥရုဂွေးနှင့်ပွဲတွင် ဂျပန်အ တွက် မာယာယိုရှိဒါပါဝင်နိုင်မည် မဟုတ်ဘဲ တာကာရှီလည်း ပါ ဝင်ရန်မသေချာဖြစ်နေသည်။

ထိုအတောအတွင်း ချီလီကို ရှုံးသောပွဲတွင် ခြေစွမ်းပြခဲ့သည့် ရီးရဲလ်က အသစ်ဝယ်ထားသော လူငယ်တိုက်စစ်မှူး ကူဘိုက ကစားပုံလှပခြင်းသည် အရေးမ ပါဘဲ အနိုင်ရရေးသာ အရေးကြီး သည်ဟု ပြောကြားသည်။

No comments:

Post a Comment