Thursday, June 20, 2019

H1N1 နဲ့ သေဆုံးသူ ငါး ဦးထိရှိလာ

ရာသီတုပ်ကွေးရောဂါ H1N1 နဲ့သေဆုံးသူဟာ ဒီကနေ့အထိ ငါးဦး ရှိပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအရ သိရပါတယ်။ေ သဆုံးသွားတဲ့ သူတွေဟာ ရန်ကုန်တိုင်းက လေးဦးနဲ့စစ်ကိုင်းတိုင်းက တစ်ဦးဖြစ်တယ်လို့ ဒီကနေ့မနက်ပိုင်းကနေပြည်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကုသရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက ပြောပါတယ်။



H1N1 ဖြစ်ပွားတဲ့သူတွေ အသက်အရွယ်ကြီးလွန်းတဲ့သူတွေ ၊ ငယ်လွန်းတဲ့သူတွေနဲ့ ရောဂါအခံရှိ တဲ့သူတွေဖြစ်ပွားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။

ဒါအပြင် သေဆုံးသွားတဲ့ငါးဦးမှာလည်း စစ်ကိုင်းကဆို ခြောက်လအရွယ်ကလေးဖြစ်ကာ ကျန်တဲ့ လေးဦးကတော့ ရောဂါအခံရှိသူနဲ့ အသက်အရွယ်ကြီးရင့်သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီရောဂါပိုးဟာ ပုံမှန်ဖြစ်တဲ့ ရာသီပေါ်တုပ်ကွေးဖြစ်ပြီး ကပ်ရောဂါမဟုတ်တာကြောင့် ထိတ်လန့်မှု မဖြစ်ဖို့ သတင်းစာရှင်းလင်းပွဲမှာ ကုသရေးဦးစီးဌာနက တာဝန်ရှိသူတွေကပြောပါတယ်။

ဒါအပြင် ဆေးရုံတွေမှာလည်း ရောဂါဖြစ်ပွားလို့ လာရောက်ကုသမယ့်သူတွေအတွက် ဆေးဝါးက အစ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။

ဒီရောဂါပိုးဟာ အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်ပြီး ရောဂါပျိုးရက်ဟာ တစ်ရက်ကနေ သုံးရက်ခန့် ကြာတတ်ပါတယ်။

ရောဂါ လက္ခဏာတွေကတော့ အဖျားရှိတာ၊ နှာရည်ယိုတာ ၊ နှာချေတာ၊ ချောင်းခြောက်ဆိုးတာ၊ လည်ချောင်းတာနာ၊ခေါင်းကိုက်တာ၊ ကိုယ်လက် ကိုက်ခဲတာ၊ နုံးခွေတာ တွေဖြစ်တတ်တာပါ။

ရောဂါပြင်းထန်လာရင် အဖျားကြီးလွန်းတာ၊ အသက်ရှုကြပ်တာ၊ အသက်ရှုရ ခက်ခဲတာ၊ ဂနာမငြိမ် ဖြစ်တာ၊ သတိလစ်တာ တွေ အထိဖြစ်ပွားနိုင်ပါတယ်။

လူတစ်ဦးဦး တုပ်ကွေးရောဂါ ဖြစ်ပွားတယ်လို့ သံသယရှိရင်တော့ နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံးဆက်သွယ်ပေးဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးထားပါတယ်။

No comments:

Post a Comment