Thursday, June 20, 2019

မန္တ​လေး​ဆေးရုံ အမှိုက်ပုံးထဲတွင် ​မွေးကင်းစက​​လေး အ​လောင်း​​တွေ့ရှိ

မန္တ​လေးအ​ထွေ​အ​ထွေ​ရောဂါကု ဆေးရုံကြီးရှိ ပြင်​ပလူနာဌာန အမှိုက်​ပုံးထဲကနေ အမှိုက်​တွေ သိမ်းဆည်းရာက မွေးကင်းစ က​လေးအ​လောင်းတလောင်းကို ဇွန်​လ ၁၉ ရက်​​ မနက်ပိုင်းက ​တွေ့ရှိတဲ့အတွက် အမှုဖွင့်​လှစ်ထား​တယ်လို့ တိုင်း​ဒေသကြီးရဲတပ်​ဖွဲ့ရုံးကနေ သိရပါတယ်။



ပြင်​ပလူနာဌာနမှာရှိတဲ့ အမှိုက်​ပုံးတပုံးကို စည်​ပင်​အမှိုက်​သိမ်းယာဉ်​က လုပ်​သားတွေ အမှိုက်​သိမ်းဆည်းနေစဉ်မှာ ​မွေးကင်းစက​လေး အ​လောင်း ​တွေ့ရှိခဲ့တာဖြစ်ပြီး ချမ်း​အေးသာစံမြို့မရဲစခန်းက တာဝန်​ရှိသူတွေက သွား​ရောက်​ စစ်​​ဆေးခဲ့တယ်လို့ သိရပါတယ်။

“စခန်းမှာ အမှုဖွင့်ထားပါတယ်​။ အမှိုက်​ပုံးထဲမှာ​တွေ့တာပါ” လို့ ချမ်း​အေးသာစံ မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ​ပြောပါတယ်။ ​သေဆုံး​နေတဲ့ ကလေးဟာ မွေးကင်းစ မိန်းက​လေးအ​လောင်းဖြစ်​ပြီး ၅ ​ပေါင်​ခန့်ရှိတယ်လို့ သိရပါတယ်။ အခုလို ​မွေးကင်းစက​လေးရဲ့အ​လောင်းကို စွန့်​ပစ်​ထားတဲ့အတွက် ချမ်း​အေးသာစံ မြို့မရဲစခန်းမှာ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၁၈ နဲ့ အမှုဖွင့်လှစ်ထားပြီး စွန့်ပစ်ခဲ့သူကို ဖမ်းဆီးရမိ​ရေး နယ်မြေခံရဲတပ်ဖွဲ့က ​ဆောင်​ရွက်​​နေပါတယ်။

No comments:

Post a Comment