Thursday, June 20, 2019

သင်းခွေချပ်အကြေးခွံများ သယ်ဆောင်လာသူအား အမှုဖွင့်အရေးယူ

Image may contain: foodသင်းခွေချပ်အကြေးခွံများ သယ်ဆောင်လာသူအား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၁၉-၆-၂၀၁၉ ရက်နေ့ ည ၇ နာရီ ၂၀ အချိန် ၁၆ မိုင် စစ်ဆေးရေးစခန်းတာဝန်ကျတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်စစ်ဆေးရေးစခန်း မန္တလေး-ပြင်ဦးလွင် အတက်အလယ်လမ်းနေရာတွင် ခိုင်ထူးအောင် ၂၈ နှစ်၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် နေသူတို့ မောင်းနှင် သည့် MDY 9G/ xxxx Toyota Hiace ယာဉ်အား ရပ်တန့်စစ်ဆေးရာ
ယာဉ်ပေါ်တွင် တ ရားမ၀င်ကျောက်စိမ်းအထုပ် ၁၃၈ ထုပ်အားတွေ့ရှိရ၍ ၎င်းကျောက်စိမ်းထုပ်များနှင့်ယာဉ်အား အကောက်ခွန် ဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန်ရုံးတွင် ထိန်းသိမ်းထားရှိပြီး ယာဉ်ပေါ်တွင် တရား မ၀င် သင်းခွေချပ်အကြေးခွံ ၇ အိတ်၊ ၁၂ ပိဿာ အားတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တရားမ၀င်သင်းခွေချပ်အကြေးခွံများအား ပုသိမ်ကြီး မြို့နယ် သစ်တောဦးစီးဌာနရုံးတွင် သိမ်းဆည်းခဲ့ပြီး ခိုင်ထူးအောင် အား အုန်းချောနယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment