Thursday, June 20, 2019

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေသအသီးသီးတွင် သစ်ပင်များစိုက်ပျိုး

ဇွန်လ ၁၉ ရက်တွင် ကျ ရောက်သော နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ အသက်(၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တိုင်းနှင့် ပြည်နယ်အချို့၌ သစ်ပင်များ စိုက်ပျိုးခဲ့သည်။ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် သစ်ပင်များစိုက်ပျိုးပြီး ဌာနဆိုင် ရာများ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် ပြည်သူများပါဝင်စိုက်ပျိုးခဲ့သည်။


စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်းရှိ ၃၂ မြို့နယ် တွင် ဒေါ်အောင်ဆန်းစုကြည်မွေး နေ့အထိမ်းအမှတ်အဖြစ် သစ်ပင် တစ်သိန်းကျော် စိုက်ပျိုးကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာ နရုံးမှ တောအုပ်ကြီးဦးတွတ်ပီက ပြောသည်။

၄၁ နေရာတွင် သစ်ပင်ငါး သောင်းကျော် စိုက်ပျိုးပြီး ရပ် ကွက်/ကျေးရွာ ၅၁ နေရာ၌ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ခုနစ်သောင်း ခွဲကျော် ဖြန့်ဖြူးမည်ဖြစ်သဖြင့် စုစုပေါင်း သစ်ပင်တစ်သိန်းနှစ် သောင်းကျော် စိုက်ပျိုးရန် လျာထားကာ လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးခဲ့သည်။

‘‘နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ (၇၄)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စိုက်ပျိုးမယ့်သစ် ပင်လျာထားချက်ထက် ပိုစိုက်နိုင် ခဲ့တယ်။ မုံရွာသာမက စစ်ကိုင်း၊ ရွှေဘိုစတဲ့ မြို့တွေမှာလည်း သစ် ပင်စိုက်ပွဲတွေ ကျင်းပနိုင်ခဲ့တယ်။ နိုင်ငံပိုင် သစ်တောစိုက်ခင်းတွေ မှာလည်း ဒီနေ့ သစ်ပင်စိုက်ခဲ့ တယ်’’ ဟု ဦးတွတ်ပီက ပြော သည်။

ယခုနှစ် မိုးရာသီတွင် စစ်ကိုင်းတိုင်းအတွင်း အရိပ်ရပင်၊ ပန်းအလှပင်၊ နေကာတန်းပင်၊ လေကာတန်းပင်နှင့် ကျွန်း၊ ပျဉ်းကတိုးသစ်ပင် တစ်သိန်းနှစ် သောင်းခွဲကျော် စိုက်ပျိုးရန် စီစဉ် ထားသည်ထက် ပိုမိုစိုက်ပျိုးသ ဖြင့် စိုက်ပျိုးမှုစာရင်း ကောက်ယူ နေဆဲဖြစ်ကြောင်း ၎င်းက ပြော သည်။

ပဲခူးတိုင်း
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် သစ်ပင်ရှစ်ထောင် ကျော် စိုက်ခဲ့ကြောင်း ပြည်ခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်သိန်းဦးက ပြောသည်။ ပြည်ခရိုင်ရှိ သဲကုန်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ပြည်၊ပန်းတောင်း၊ ရွှေတောင်မြို့နယ် တို့၌ အရပ်ဘက်အဖွဲ့အစည်း များမှ ကျောင်းသား၊ ကျောင်းသူ များ၊ သဘာဝပတ်ဝန်းကျင် ချစ် မြတ်နိုးသူများကို ဖိတ်ကြားပြီး စိုက်ပျိုးခဲ့သည်။

‘‘နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မွေးနေ့အထိမ်းအမှတ် အဖြစ်ကတော့ သစ်ပင်ရှစ်ထောင့် တစ်ရာ စိုက်ပျိုးတာပါ။ ဒါ့အပြင် ဒီတစ်ရက်တည်းမှာပဲ နည်းလမ်း ရှစ်သွယ်နဲ့ ပြည်ခရိုင်အတွင်းက မြို့နယ်ခြောက်ခုမှာ သစ်ပင်ခုနစ် သောင်းကျော် စိုက်ပျိုးဖြစ်ပါ တယ်’’ဟု ဦးမြင့်သိန်းဦးက ပြော သည်။

မကွေးတိုင်း
မကွေးတိုင်းရှိ ၂၅ မြို့နယ်၌ ဇွန်လ ၁၉ ရက်တွင် သစ်ပင်တစ်သောင်းငါးထောင်ကျော်ကို တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့် သိန်းခိုင်က ပြောသည်။

သစ်ပင်ပျိုးပင်များကို မကွေး ခရိုင်၊ ပခုက္ကူခရိုင်၊ သရက်ခရိုင်၊  မင်းဘူးခရိုင်နှင့် ဂန့်ဂေါခရိုင်တို့ တွင် စိုက်ပျိုးပြီး စုစုပေါင်း ၁၅,၂၇၀ ပင်ရှိကြောင်း တိုင်းသစ်တောဦးစီး ဌာနစာရင်း၌ ဖော်ပြထားသည်။

‘‘ပြည်သူနဲ့ဌာနဆိုင်ရာအား လုံး ပါဝင်ဆောင်ရွက်တာ ဖြစ်တဲ့ အတွက် မြို့နယ်သစ်တောဦးစီး ဌာနတွေကနေ သစ်ပင်ပျိုးပင်တွေ အခမဲ့ ဖြန့်ဝေပေးပါတယ်။ ကျွန်း၊ ပိတောက် အစရှိတဲ့ အပင်တွေအ ပြင် အမြဲစိမ်းလန်းမယ့် အရိပ်ရ အပင်တွေလည်း ပါပါတယ်။ သစ်ပင်အမျိုးအစား ၁၅ မျိုးလောက် ရှိပါတယ်’’ဟု ဦးမြင့်သိန်းခိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက် ခြင်းကို တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များ၊ ပြည်သူများအားလုံး ပူးပေါင်း ဆောင်ရွက်ကြောင်း မကွေးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

‘‘ကျွန်တော်တို့ရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့ လည်းဖြစ်တယ်။ ခုအချိန်က သစ် ပင်စိုက်ပျိုးတဲ့ လလည်း ဖြစ်နေ တော့ တိုက်ဆိုင်သွားတာပေါ့။ အမေစုကိုလည်း အသက်ရာ ကျော် ရှည်ဖို့အတွက် သစ်ပင်စိုက် ပျိုးတာနဲ့ ပေါင်းပြီးတော့ အထိမ်း အမှတ်လေး လုပ်ပေးတာပါ’’ ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း
ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့ အိမ်တော်ထင်းရှူး တောတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မွေးနေ့အထိမ်းအမှတ် အဖြစ် ချယ်ရီပင် ၃၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်း ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်အဖွဲ့မှ ဒေါ်ချယ်ရီကျော်က ပြောသည်။

‘‘မွေးနေ့အမှတ်တရအနေနဲ့ အပင်တွေ နှစ်တိုင်းစိုက်ပေးပါ တယ်။ ဒီနှစ်လည်း ချယ်ရီပျိုးပင် တွေ စိုက်ပေးတာပါ’’ ဟု ဒေါ်ချယ်ရီကျော်က ပြောသည်။ စိုက်ပျိုးထားသည့် ချယ်ရီ ပျိုးပင်များ ရှင်သန်ကြီးထွားလာ စေရန် ရှင်သန်ကမ္ဘာမြေ အစိမ်း ရောင်ကွန်ရက်အဖွဲ့က တာဝန်ယူ စောင့်ရှောက်မည် ဖြစ်ကြောင်း ဒေါ်ချယ်ရီကျော်က ပြောသည်။ အဆိုပါသစ်ပင်စိုက်ပွဲတွင် ရှမ်း ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာ လင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊ တောင်ကြီးဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ၊ ပရဟိ တအသင်းအဖွဲ့များ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ များမှ ပြည်သူ ၃၀၀ ကျော် ပူး ပေါင်းပါဝင်ခဲ့သည်။

No comments:

Post a Comment