Thursday, June 20, 2019

‘‘ဒီရောဂါက ၂၀၁၇ မှာလည်း အတွေ့အကြုံရှိပြီး ဖြစ်တဲ့အတွက် ပြည်သူလူထုအထိတ်တလန့် မဖြစ်ဖို့လိုတယ်’’ H1N1 ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်နှင့် တွေ့ဆုံခြင်း

ရန်ကုန်တိုင်းတွင် ယခုနှစ် ဇွန်လအတွင်း ရာသီတုပ်ကွေး ရောဂါ (H1N1) ဖြစ်ပွား၍ လူသုံး ဦးသေဆုံးခဲ့သည်။ ထို့ကြောင့် ရန်ကုန်တိုင်းအတွင်း ရောဂါဖြစ် ပွားမှု အခြေအနေ၊ ကာကွယ်ကု သရေးပိုင်း ပြင်ဆင်ထားမှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းကျန်း မာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်နှင့် မေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။
ရန်ကုန်တိုင်းမှာ လက်ရှိ H1N1 ဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက် ပြီး ရှင်းပြပေးပါ။
ရန်ကုန်တိုင်းမှာ ဇွန်လအ တွင်း သံသယလူနာ ၂၀ ဦးတွေ့ တယ်။ အဲဒီထဲမှာ ခုနစ်ဦးမှာတွေ့ တယ်။ တွေ့တဲ့လူနာထဲက သုံးဦး က သေဆုံးသွားတယ်။



ရောဂါဖြစ်ပြီး သေဆုံးသူတွေက ဘယ်နေရာတွေကလဲ၊ ဘယ်အ သက်အရွယ်တွေလဲ။

ကော့မှူးမြို့နယ်က အသက် (၂၉) နှစ်အရွယ် အမျိုးသမီး၊ သူ က ကလေးမွေးဖွားထားတာ။ နောက်အမျိုးသားတစ်ဦးက အ သက် (၇၅) နှစ် စမ်းချောင်းမြို့ နယ်မှာနေတယ်။ ရန်ကုန်ဆေးရုံ ကြီးကို ၁၆ ရက်နေ့တက်ပြီး ၁၇ ရက်မှာဆုံးတယ်။ နောက်ထပ်အ မျိုးသားတစ်ဦးက အသက် (၃၀) ကျော် ဒဂုံဆိပ်ကမ်းက၊ ရန်ကုန် ဆေးရုံကြီးမှာတက်ရင်း ၁၇ ရက် မှာ ဆုံးတယ်။

လက်ရှိကလေးဆေးရုံမှာ H1N1 နဲ့ ကလေးတစ်ဦးကုသနေတယ် ဆိုတာလည်း ရှင်းပြပေးပါ။

အဲဒါက ရန်ကုန်တိုင်းက တော့ မဟုတ်ဘူး။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က အသက် (၁၃) နှစ်အရွယ် ကလေးတစ်ဦး ပါ။ ရန်ကင်းကလေးဆေးရုံမှာ ဇွန်လ ၁၄ ရက်က တက်နေတယ်။ အခြေအနေကတော့ စိုးရိမ်ရ တယ်။

ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး H1N1 နဲ့ပတ်သက်ပြီးလည်း ပြော ပြပေးပါ။

ရာသီတုပ်ကွေးရောဂါ Influenza Type A (H1N1) pdm 09 က မိုးရာသီမှာ အဖြစ်များ တယ်။ အသက်ရှူလမ်းကြောင်း က တစ်ဆင့် ကူးစက်တာ။ ပုံမှန် ရာသီတုပ်ကွေးပါပဲ။ အရမ်းကြီး စိုးရိမ်ဖို့ မလိုပါဘူး။

ဒီရောဂါရဲ့ ကူးစက်ပုံနဲ့ ကာကွယ် မှုပိုင်းလေးလည်း ရှင်းပြပေးပါ။

ရာသီတုပ်ကွေးရောဂါပိုးက အသက်ရှူလမ်းကြောင်းကတစ် ဆင့် ကူးစက်တာ။ တချို့နာတာ ရှည်ရောဂါအခံရှိသူတွေ၊ ကိုယ် ဝန်ဆောင်တွေနဲ့ ကလေးငယ် တွေ၊ အသက်ကြီးပိုင်းတွေမှာ ရောဂါကူးစက်ခံရရင် ရောဂါ လက္ခဏာပိုပြင်းထန်နိုင်တယ်။

ရောဂါလက္ခဏာကအဖျား ရှိမယ် (အပူချိန် ၃၈ ဒီဂရီစင်တီဂ ရိတ်နှင့်အထက်) နှာရည်ယို၊ နှာ ချေမယ်၊ ချောင်းခြောက်ဆိုးမယ် စတဲ့လက္ခဏာတွေပြမယ်။ ကိုယ့် မှာ ရာသီတုပ်ကွေးရောဂါသံသယ ရှိတယ် ခံစားရရင် ဆေးရုံ၊ ဆေး ခန်းတွေမှာပြပြီး ကုသမှုခံယူရ မယ်။ ကာကွယ်ရေးပိုင်းကတော့ အိပ်ရေးဝဝအိပ်ရမယ်။ ရေများ များသောက်ရမယ်။ မကြာခဏ လက်ဆေးရမယ်။ ဒါတွေလုပ်ရင် ကို တုပ်ကွေးရော တခြားရောဂါ တွေပါ ကာကွယ်ပြီးသားဖြစ်မှာ။

ရာသီတုပ်ကွေးအတွက် ကာ ကွယ်ဆေးထိုးပြီးကော ကာကွယ် နိုင်လား၊ ကာကွယ်ဆေးထိုးထား ရင် အပြည့်အဝကာကွယ်လား။
ကာကွယ်ဆေးထိုးလို့ရ တယ်။ ကျွန်တော်သိသလောက် ကတော့ ရာခိုင်နှုန်းပြည့်ကာကွယ် နိုင်တာတော့ ဘာမှရှိမှာ မဟုတ် ဘူး။
တခြားဖြည့်စွက်ပြောချင်တာရှိ ရင်ပြောပေးပါ။
ဒီရောဂါက ၂၀၁၇ မှာလည်း အတွေ့အကြုံရှိပြီးဖြစ်တဲ့အတွက် ပြည်သူလူထု အထိတ်တလန့်  မဖြစ်ဖို့လိုတယ်။ ကုသဖို့အတွက် လည်း ဆေးဝါးပစ္စည်း (Facilities) အပြည့်အဝရှိပါတယ်။

No comments:

Post a Comment