Thursday, June 20, 2019

တညင်းကုန်း​ဈေး​ဟောင်း မ​ပြောင်း​ရွှေ့​ရေးအတွက်​ ​ဈေးသူ​/​ဈေးသားများ ဆန္ဒပြ

တညင်းကုန်း​ဈေး​ဟောင်း မ​ပြောင်း​ရွှေ့​ရေးအတွက်​ ​ဈေးသူ​/​ဈေးသား အ​ယောက်​ ၅၀၀လောက် ဒီက​နေ့ မနက်​ပိုင်းက​ တညင်းကုန်း​​ဈေး​ရှေ့​က​နေ ​အင်းစိန်​မြို့နယ်​ ​မြောက်​ပိုင်းခရိုင်​ ​ဈေးများဌာန​ရှေ့ကို လမ်း​လျှောက်​ချီတက်​ ဆန္ဒ​ပြခဲ့ကြပါတယ်။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းဈေးဟောင်းကို ပိတ်သိမ်းတော့မှာဖြစ်လို့ ကျန်ရှိနေတဲ့ ဈေးသည် ၁၀၈၇ ယောက်ကို ဇွန်လ ၂၀ ရက်မှာ အပြီးပြောင်းရွှေ့ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဈေးများဌာနက လုပ်ဆောင်နေတာကို မကျေနပ်လို့ ဆန္ဒပြခဲ့ကြတာပါ။


ဈေးသည်​​တွေမသိဘဲ ကုမ္ပဏီနဲ့ ချုပ်​ဆိုထားတဲ့စာချုပ်​ကို ပယ်​ဖျက်​​ရေး၊ ရန်​ကုန်​မြို့ရှိ အခြား​ဈေး​တွေနဲ့အတူ မူလ​နေရာဖြစ်တဲ့ စည်​ပင်​သာယာလက်​​အောက်​မှာပဲ ​နေ​စေရေး၊ ရပ်​ဆိုင်းထားတဲ့အခွန်​​တွေ ပုံမှန်​ပြန်​လည်​​ ဆောင်​ရွက်​ခွင့်ရ​ရေး၊ တညင်းကုန်း​ဈေး​ဟောင်းကို မူလ​နေရာမှာဘဲ အဆင်​မြှင့်ပေး​ရေး၊ အများပြည်​သူ​တွေရဲ့ဘ၀​တွေ ကုမ္ပဏီလက်​​အောက်​ မ​ရောက်​ရှိ​ရေးတဲ့ ဗီနိုင်း​ပိုစတာတွေ ကိုင်​​ဆောင်​ပြီး ​ကြွေး​ကြော်​သံ​တွေနဲ့ ဈေးသည်တွေက ဆန္ဒ​ဖော်​ ထုတ်​ခဲ့ကြပါတယ်​။

တညင်းကုန်းဈေးဟာ ၁၉၈၅ ခုနှစ်မှာ အင်းစိန်ဘူတာဈေးအနေနဲ့ ရောင်းချခဲ့တာဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ ပြောင်းရွှေ့ရောင်းချခဲ့တာဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ လက်ရှိဈေးသစ် တည်ဆောက်ထားတဲ့နေရာမှာ လက္ကားဈေးသစ် တည်ဆောက်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တင်ဒါခေါ်ယူခဲ့ရာမှာ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပါတယ်။

အဲဒီကုမ္ပဏီအနေနဲ့ အများပိုင် ကုမ္ပဏီပြုလုပ်ပြီး စီမံကိန်းကာလအဖြစ် လပေါင်း ၃၀ စည်ပင်နဲ့ အကျိုးတူလုပ်ငန်း ဆောင်ရွက်တာဖြစ်ပါတယ်။

No comments:

Post a Comment