Thursday, June 20, 2019

ဒေါ်လာသန်း ၂၅၀ တန်ဖိုးရှိ စစ်ရေးအကူအညီများ ယူကရိန်းနိုင်ငံကို အမေရိကန်ပေးမည်ဟုကြေညာ

အမေရိကန်သည် ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်ကိရိယာများ၊ လေ့ကျင့်ရေးနှင့် ထောက်ပံ့ရေးအတွက် ဒေါ်လာသန်း ၂၅၀ အကူအညီပေးမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ကြေညာလိုက်ပြီး ယင်းထောက်ပံ့မှုများတွင် ယူကရိန်းရေတပ်နှင့် မရိန်းတပ်ဖွဲ့ များအတွက်လည်း ပါဝင်မည်ဟုဆိုသည်။ ထိုသို့ ထောက်ပံ့မှုတွင် လက်ဖြောင့်ရိုင်ဖယ်များ၊ လက်ပစ်ဗုံးပစ်လောင် ချာများ၊ တန်ပြန်ရေဒါစနစ်များ၊ ညကြည့် ပစ္စည်းကိရိယာများနှင့် ဆက်သွယ်ရေးကိရိယာများကို ယူကရိန်းစစ်ဘက်က ရရှိမည်ဖြစ်ကြောင်း ပင်တဂွန်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။


ယူကရိန်းနိုင်ငံ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့သည့် အမေရိကန် ကျောထောက်နောက်ခံပြုသည့် အာဏာသိမ်းမှုဖြစ်ပွားခဲ့သော ၂၀၁၄ ခုနှစ်နောက်ပိုင်း ယူကရိန်းသို့ အမေရိကန်က လုံခြုံရေးဆိုင်ရာ ထောက်ပံ့မှုပေးခဲ့သည်မှာ စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိလာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရုရှားသည် ပြဿနာကို စတင်ဖန်တီးကြောင်း ယူကရိန်းနိုင်ငံက စွပ်စွဲထားပြီး အနောက်နိုင်ငံများထံမှ စစ်ရေးထောက်ပံ့ကူညီမှုများကို တောင်းခံထားသည်။

တင့်ကားဖျက် ဒုံးကျည်ကဲ့သို့သော အဆင့်မြင့်လက်နက်များ အပါအဝင် ယူကရိန်းသို့ စစ်ရေးထောက်ပံ့မှုများပေးရန် သဘောတူခဲ့သည့် ဒေါ်နယ်ထရန့်အစိုးရလက်ထက်တွင် အမေရိကန်က ယူကရိန်းသို့ ထောက်ပံ့မှုများ ပိုမိုပေးအပ်ခဲ့သည်။

No comments:

Post a Comment