Thursday, June 20, 2019

ကမ္ဘောဒီးယားကလပ် ဒေါင်းတောင်းစပေါ့ကို သတိထားယှဉ်ပြိုင်ရန် လိုအပ်ကြောင်း MIU နည်းပြဆို

အာဆီယံ ဖူဆယ်က လပ်  ချန်ပီယံရှစ်ပြိုင်ပွဲ  အဖွင့်ပွဲ၌ ဂိုးပြတ်အနိုင်ရသော်လည်း MIU အသင်းအနေဖြင့် ဒုတိယပွဲတွင် ကမ္ဘောဒီးယားကလပ်  ဒေါင်း တောင်း စပေါ့အသင်းကို သတိ ထားယှဉ်ပြိုင်ရန် လိုအပ်ကြောင်း နည်းပြချုပ် ဦးသန်းဝဏ္ဏအောင်က ပြောသည်။ ဇွန်လ ၁၈ ရက်က ထိုင်း နိုင်ငံကိုရတ်မြို့တွင် ကျင်းပသည့် အာဆီယံဖူဆယ်ကလပ် ချန်ပီယံ ရှစ်ပြိုင်ပွဲအုပ်စု (ခ) အဖွင့်ပွဲစဉ် တွင် MIU အသင်းက မာလာကာ ယူနိုက်တက်ကို ခြေစွမ်းအသာ ဖြင့် ဖိအားပေးကစားပြီး ၇-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။



ယင်းပွဲတွင် MIU အသင်းအ တွက် အနိုင်ဂိုးများကို ပြည့်ဖြိုး မောင် (၃) က သုံးဂိုး၊ ကျော်ကျော် ထွန်းကနှစ်ဂိုး၊ ပြည့်ဖြိုးမောင် (၂) နှင့် လှိုင်မင်းထွန်းကတစ်ဂိုးစီသွင်း ယူသည်။

‘‘ကျွန်တော်တို့ ဒီနေ့မှာ က စားပုံ ပြောင်းထားပေးမယ့် ကစား သမားတွေ ဒီပုံစံအတိုင်းလိုက်က စားနိုင်တဲ့အတွက် ကျေနပ်မိပါ တယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာ လာ ၀င်ပြိုင်တဲ့ အသင်းတွေအားလုံး က သူတို့နိုင်ငံရဲ့အသင်းကောင်း တွေချည်းပါပဲ။ နောက်ပွဲမှာ ရင် ဆိုင်ရမယ့် ဒေါင်းတောင်းစပေါ့အ သင်းဆိုရင် နိုင်ငံခြားသားကစား သမားတွေပါ ပါဝင်လာတယ်လို့  သိရပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ သတိထားယှဉ်ပြိုင် ရပါမယ်။ အနိုင်ရလဒ်ရအောင် တော့ ကြိုးပမ်းသွားမှာပါ’’ ဟု ဦးသန်းဝဏ္ဏအောင်က  ပြော သည်။ MIU အသင်းသည် အုပ်စု (ခ) ဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၂၀ ရက် (ယနေ့) တွင် ကမ္ဘောဒီးယား ကလပ်  ဒေါင်းတောင်းစပေါ့အ သင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

No comments:

Post a Comment