Tuesday, July 9, 2019

ကျောက်တော် ကစ္ဆပနဒီတံတားအနီးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားဟု AA ပြော

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA)တို့သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့  ကစ္ဆပနဒီတံတားအနီးတွင် ယမန် နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောသည်။ ဇူလိုင် ၈ ရက် နံနက် ၇နာရီ ခွဲကျော်တွင် ကျောက်တော်မြို့အ နီးရှိ ကစ္ဆပနဒီတံတားနှင့် တစ်မိုင် ကျော်အကွာတွင် မိနစ် ၂၀ ကျော် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည်ဟု ခိုင်သုခက ဆိုသည်။ ‘‘အဲဒီမှာ သွားနေတဲ့စစ် ကြောင်းကို ကျွန်တော်တို့ဘက်က ကြားဖြတ်တိုက်ခိုက်တာ’’ ဟု ခိုင် သုခက ပြောသည်။



တိုက်ပွဲဖြစ်စဉ်အတွင်း တပ် မတော်ဘက်က ထိခိုက်ကျဆုံးမှု ရှိသည်ဟု AA ဘက်က ပြော သော်လည်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့နှင့် အ နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာ ၀န်ရှိသူအချို့ထံ ဆက်သွယ်ရာ ဖုန်း အဆက်အသွယ်မရပေ။

ကျောက်တော်မြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကလည်း ကစ္ဆပ နဒီတံတားဘက်တွင် ယမန်နေ့ နံနက်က ပစ်ခတ်သံများ ဆက် တိုက်ကြားရကြောင်း ပြောသည်။

‘‘မနက်ကတော့ ပေါက်ကွဲ သံတစ်ခုကြားလိုက်တယ်။ ပြီး တာနဲ့ တောက်လျှောက်ပစ်တာ ပေါ့။ ဘယ်သူက ဘယ်ဘက်ကို ပစ်နေလဲတော့ မသိဘူး။ အ မြောက်လက်နက်သံတွေတော့ ကြားရတယ်’’ ဟု ဦးမောင်သန်း စိန်က ပြောသည်။

အစိုးရနှင့် AA အပါအ၀င်  မြောက်ပိုင်းလက်နက်ကိုင်လေး ဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေး ဆွေးနွေးပွဲများပြုလုပ်ရန် ညှိနှိုင်း နေစဉ် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အကြားတိုက် ပွဲများ ဆက်တိုက်ဖြစ်ပွားနေ သည်။ ရခိုင်ပြည်နယ်အတွင်း AA တပ်များ တည်ရှိမှုကို တပ်မတော် က လက်မခံသကဲ့သို့ AAကလည်း ၎င်းတို့ တပ်ဖွဲ့ဝင်များ ရခိုင်ပြည် နယ်အတွင်း အခြေပြုနိုင်ရေးကြိုး ပမ်းနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နိုင်ကြောင်း လေ့လာသူအချို့က ပြောသည်။

No comments:

Post a Comment